Kwon Sang Woo ရဲ့ခြေကျင်းဝတ်ခွဲစိတ်မှုအခြေအနေကို Son Tae Young ပြောပြ

Kwon Sang Woo ရဲ့ခြေကျင်းဝတ်ခွဲစိတ်မှုအခြေအနေကို Son Tae Young ပြောပြ

Son Tae Young က သူမရဲ့ခင်ပွန်း Kwon Sang Woo ရဲ့ ကျန်းမာရေးအခြေအနေကိုပရိသတ်တွေကို ပြောပြ ခဲ့ပါတယ်။

Kwon Sang Woo ရဲ့ ခြေကျင်းဝတ်ခွဲစိတ်မှုအောင်မြင်စွာပြီးဆုံးပြီဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ခင်ပွန်းဖြစ်သူ Kwon Sang Woo ဆေးရုံကခုတင်ပေါ်မှာ လဲလျောင်းနေတဲ့ပုံကိုတင်ပြီး စိတ်ပူပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။

သူရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲတွေရိုက်တိုင်း ခြေကျင်း ၏ဝတ်ဒဏ်ဖြစ်နေတာကြာပြီလို့လည်းသိရပါတယ်။ ရှေ့ဆက်ပြီးရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲတွေကို ဆက်လက်ရိုက်ကူးချင်တာကြောင့် ကျန်းမာရေးကောင်းမွန်ဖို့လိုတယ်ဆိုပြီး နောက်ဆုံးမှာခွဲစိတ်မှုပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Kwon Sang Woo ဟာ ဆေးရုံကဆင်းလာပြီဆိုတာနဲ့ “Delayed Justice” ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးမယ်လို့သိရပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး