Mario နဲ့ Yaya တို့ရဲ့ ဇာတ်ကားသစ်ရိုက်ကူးရေးပြန်လည်စတင်

Mario နဲ့ Yaya တို့ရဲ့ ဇာတ်ကားသစ်ရိုက်ကူးရေးပြန်လည်စတင်

Thai TV3 ကနေ ရိုက်ကူးနေတဲ့ “Kue Tur (Bad Romeo)” ဆိုတဲ့ ဇာတ်ကားသစ်ရိုက်ကူးရေးပြန်လည်စတင် နေပြီလို့သိရပါတယ်။

ဒီဇာတ်ကားမှာတော့ ပရိသတ်အချစ်တော် ထိုင်းမင်းသား၊ မင်းသမီးတွေဖြစ်ကြတဲ့ Mario Maurer နဲ့ Yaya Urassaya တို့က ပါဝင်သရုပ်ဆောင်ထားတာပါ။

ရိုက်ကူးရေးစတင်နေတာကြာပြီဖြစ်ပေမယ့် ဒီကြားထဲမှာ ရက်သတ္တပတ် ၁၀ ပတ်လောက်အထိနားခဲ့ပြီး ပြီးခဲ့တဲ့ရက်ပိုင်းကမှ ပြန်လည်စတင်ခဲ့တာဖြစ်ပါ တယ်။

“Kue Tur (Bad Romeo)” ကို ဝါရင့်မင်းသမီး Anne Thongprasom က ပရိုဂျူဆာအဖြစ် ရိုက်ကူး ထုတ်လုပ်ခဲ့တာဖြစ်ပြီး Mario နဲ့ Yaya တို့တွဲပြီး ပထမဆုံးရိုက်ကူးမယ့်ဇာတ်ကားဖြစ်တာကြောင့် စောင့်မျှော် ကြည့်ရှုရမယ့်ဇာတ်ကားလည်းဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး