အမျိုးသမီးတောင်တက်သမားအဖြစ် သရုပ်ဆောင်မယ့် Selena Gomez
“In the Shadow of the Mountain” စာအုပ်ကို အခြေခံရိုက်ကူးထားတဲ့ရုပ်ရှင်မှာ Selena Gomez ပါဝင် သရုပ်ဆောင်မယ်လို့သိရပါတယ်။
သူမက Silvia Vasquez Lavado လို့ ခေါ်တဲ့ တောင်တက်သမားနေရာကနေ ပါဝင်သရုပ်ဆောင်ရမှာပါ။
ဒီဇာတ်ကားက Silvia Vasquez Lavado ဆိုတဲ့ အမျိုးသမီးတောင်တက်သမားရဲ့ အထုပ္ပတ္တိကို ရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးမှာဖြစ်ပြီး သူမကတော့ gay လို့လည်း ဝန်ခံထားသူဖြစ်ပါတယ်။
သူမက Seven Summits ဆိုတဲ့ challenge ကို အောင်မြင်ခဲ့သူဖြစ်ပါတယ်။
“In the Shadow of the Mountain” စာအုပ်ကတော့ မထွက်ရှိသေးပဲ ၂၀၂၂ ခုနှစ်လောက်မှာမှ ထုတ်ဝေမယ်လို့သိရပါတယ်။
ရုပ်ရှင် ရုံတင်မယ့်ရက်ကိုတော့ အခုအချိန်အထိအတိအကျမသိရသေးပါဘူး။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Elgin James က ရိုက်ကူးပေးမှာဖြစ်ပါတယ်။
















