“Josee” ရုပ်ရှင်ပြသမယ့်ရက် ကြေညာ

“Josee” ရုပ်ရှင်ပြသမယ့်ရက် ကြေညာ

“Josee” လို့ ယာယီနာမည်ပေးထားတဲ့ဇာတ်ကား ထွက်ရှိလာမယ့်ရက်ကို ကြေညာပေးခဲ့ပါတယ်။

ဒီဇာတ်ကား ကတော့ “Josee, the Tiger and the Fish” ဆိုတဲ့ ဂျပန်ရုပ်ရှင်ကို ပြန်လည်ရိုက်ကူးထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။

Josee နေရာမှာ Han Ji Min က သရုပ်ဆောင်မှာဖြစ်ပြီး Nam Joo Hyuk က ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ထားပါတယ်။

“Josee” ရုပ်ရှင်ထုတ်လုပ်သူက ပိုစတာအသစ်နှစ်ခုကိုလည်း ထုတ်ဖော်ပြသခဲ့ပါတယ်။

Han Ji Min ရဲ့ ပိုစတာမှာတော့ ပြတင်းပေါက်နားမှာထိုင်နေတဲ့ အထီးကျန်ဆန်တဲ့ Josee ကို တွေ့ရမှာဖြစ်ပြီး Nam Joo Hyuk ရဲ့ ပိုစတာမှာ တော့ Josee ဆီကနေ အကြည့်မခွာနိုင်တဲ့မင်းသားရဲ့ပုံကို တွေ့မြင်ရမှာဖြစ်ပါတယ်။

“Josee” ကိုတော့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာထုတ်လွှင့်ပြသမယ်လို့သိရပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး