စားသောက်ဆိုင်မှာအချိန်ပိုင်းအလုပ်လုပ်ခဲ့ရတယ်ဆိုတဲ့ Hyelin
Miss Back အစီအစဉ်မှာပါဝင်ခဲ့တဲ့ EXID အဖွဲ့ဝင်ဟောင်း Hyelin က သူမရဲ့အေဂျင်စီနဲ့လမ်းခွဲပြီးနောက်ပိုင်းမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကိုပြောပြခဲ့ပါတယ်။
EXID က အဖွဲ့ဝင်တွေဟာ အေဂျင်စီနဲ့စာချုပ်သက်တမ်း ကုန်ပြီးနောက်ပိုင်းမှာ တခြားအေဂျင်စီတွေကိုအသီးသီးပြောင်းရွှေ့ခဲ့ပါတယ်။
Hyelin က SidusHQ အေဂျင်စီ ကို ဝင်ရောက်ခဲ့ပြီး ဝန်ထမ်းတွေကိုကိုင်တွယ်ရာမှာ တွေ့ကြုံရတဲ့အခက်အခဲတွေကို ထုတ်ဖော်ပြောခဲ့ပါတယ်။
အလုပ်မရှိရင်လည်း မနေနိုင်တာကြောင့် အလုပ်များအောင်ကြိုးစားရှာဖွေရတယ်လို့လည်းဆိုပါတယ်။
စားသောက်ဆိုင်တစ်ခုမှာလည်း အချိန်ပိုင်းအလုပ်လုပ်ခဲ့ဖူးပြီး သမာအာဇီဝအလုပ်ဖြစ်တာကြောင့် သာမန် အလုပ်လိုပဲသဘောထားပြီး လုပ်ကိုင်နိုင်ခဲ့တယ်လို့ဆိုပါတယ်။
















