စစ်မှုထမ်းပြီးသွားပြီဖြစ်တဲ့ Dongwoo
INFINITE အဖွဲ့ဝင် Dongwoo ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ စစ်မှုထမ်းတာဝန်ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။
Dongwoo ရဲ့ အေဂျင်စီ Woollim Entertainment က စစ်မှုထမ်းဥပဒေအရ အောက်တိုဘာလ ၂၃ ရက်နေ့မှာ စစ်မှုထမ်းတာဝန်တရားဝင်ပြီးဆုံးကြောင်း ကြေညာခဲ့ပေမယ့် COVID-19 ကန့်သတ်ချက်တွေကြောင့် ပြန်မလာ နိုင်ဖြစ်ခဲ့ရတာပါ။
ဒါ့အပြင် စစ်မှုထမ်းပြီးဆုံးချိန်မှာလည်း ပရိသတ်တွေနဲ့တွေ့ဆုံပွဲပြုလုပ်မှာမဟုတ်ကြောင်း ကြေညာခဲ့ပြီး နိုဝင်ဘာလ ၁၅ ရက်နေ့မှာ စစ်မှုထမ်းရာကနေပြန်လာခဲ့တာပါ။
Sunggyu နဲ့ Sungyeol တို့ပြီးရင် Dongwoo ဟာ စစ်မှုထမ်းပြီးဆုံးသွားတဲ့ တတိယမြောက် INFINITE အဖွဲ့ဝင်ဖြစ်ပါတယ်။
















