Ryu Jun Yeol ရဲ့ အနုပညာရှင်သူငယ်ချင်းတွေက သူ့ရဲ့ “Once Upon a Time … in Hollywood” ဆိုတဲ့ ပထမဆုံးဓာတ်ပုံပြပွဲကို အပြည့်အဝထောက်ပံ့အားပေးခဲ့ပါတယ်။
ပြပွဲကို ဆိုးလ်မြို့က Hyundai Card Design Library မှာ နိုဝင်ဘာလ ၃ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ကျင်းပနေတာဖြစ်ပါတယ်။
ဒီဓာတ်ပုံတွေကိုတော့ ၂၀၁၉ ခုနှစ် က Ryu Jun Yeol အမေရိကန်နိုင်ငံကိုသွားတုန်းမှာ ရိုက်လာခဲ့တဲ့ဓာတ်ပုံတွေလို့သိရပါတယ်။
Quentin Tarantino ရဲ့ ရုပ်ရှင် “Once Upon a Time in Hollywood” ကနေ စိတ်ကူးရပြီး ဟောလိဝုဒ်၊ ကယ်လီဖိုးနီးယားရဲ့လမ်းတွေမှာ ဓာတ်ပုံတွေရိုက်ကူးခဲ့တာဖြစ်ပါတယ်။
Ryu Jun Yeol ရဲ့ ဓာတ်ပုံပြပွဲကို Hong Suk Chun, Eric Nam, Park Shin Hye, Kim Wan Sun, Lee Jin Wook, EXO အဖွဲ့ဝင် Suho, Lee Dong Hwi, Lee Je Hoon စတဲ့ နာမည်ကြီးအနုပညာရှင်တွေလာရောက်အားပေးခဲ့တဲ့ ဓာတ်ပုံတွေကိုလည်း အွန်လိုင်း မှာ တွေ့ခဲ့ရပါတယ်။
















