2021 Super Bowl မှာ ဖျော်ဖြေခွင့်ရရှိသွားတဲ့ The Weekend

2021 Super Bowl မှာ ဖျော်ဖြေခွင့်ရရှိသွားတဲ့ The Weekend

2021 Super Bowl halftime show မှာ The Weekend ပါဝင်ဖျော်ဖြေသွားမယ်လို့ The Weekend နဲ့ NFL တို့ရဲ့ တရားဝင်အကောင့်ကနေတင်ဆင့် ပရိသတ်တွေကိုအကြောင်းကြားထားပါတယ်။

Super Bowl halftime show ဟာ ပရိသတ်ကြည့်ရှုမှုအများဆုံးအစီအစဉ်တစ်ခုဖြစ်တာကြောင့် အဆိုတော် တော်တော်များများက ပါဝင်ဖျော်ဖြေခွင့်ရချင်ကြတာဖြစ်ပါတယ်။

ဒီနှစ် Super Bowl ကိုတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့ မှာ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာ ကျင်းပမှာဖြစ်ပါတယ်။

The Weekend ဟာ ၂၀၂၀ ရဲ့ သြဇာ အလွှမ်းမိုးနိုင်ဆုံးပုဂ္ဂိုလ် အယောက် ၁၀၀ စာရင်းထဲမှာလည်း ဖော်ပြခံခဲ့ရပါတယ်။

အနုပညာသက်တမ်း ၁၀ နှစ် မပြည့်ခင်မှာပဲ Super Bowl လို ခမ်းနား ကြီးကျယ်တဲ့ပွဲကြီးမှာ ပါဝင်ဖျော်ဖြေခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူ ကြောင်း The Weekend က ပြောခဲ့ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး