အီရန်နိုင်ငံရှိ အဓိက နျူကလီးယား အခြေစိုက်စခန်းများအား တိုက်ခိုက်ရန်အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လွန်ခဲ့သောသီ တင်းပတ်တွင် တောင်းဆိုခဲ့ကြောင်းသိရသည်ပြီး နောက်ဆုံးတွင် တောင်းဆို ချက်အား ရုပ်သိမ်းပစ်ရန် ဆုံးဖြတ်ခဲ့ကြောင်း အမေရိကန်အဆင့်မြင့်အရာရှိ တစ်ဦးက နိုဝင်ဘာ ၁၆ ရက်၌ ပြောကြားခဲ့သည်။
အိမ်ဖြူတော်ရှိ ဘဲဥပုံအစည်းအဝေးခန်းမ၌ နိုဝင်ဘာ ၁၂ ရက်ကပြုလုပ်ခဲ့သော အစည်းအဝေးတစ်ခုတွင် အမေရိကန်ထိပ်တန်း အမျိုး သားလုံခြုံရေးအကြံပေးများ၊ ဒုတိယသမ္မတ မိုက်ခ်ပန့်စ်၊ နိုင်ငံခြား ရေးဝန်ကြီး မိုက်ခ်ပွမ်ပီယို၊ အသစ်ခန့်အပ်ထားသော ကာကွယ်ရေးဝန်ကြီး ခရစ္စတိုဖာမီလာ၊ ကာကွယ်ရေးဦးစီးချုပ် မာ့ခ်မီလေတို့ ပါဝင်ခဲ့ပြီး သမ္မတထရမ့်က အထက်ပါအတိုင်း တောင်းဆိုခဲ့ကြောင်း အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။
နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲ ရလဒ်အပေါ် လက်ခံရန် ငြင်းဆန်ထား သော ထရမ့်သည် ယင်းအစည်းအဝေးတွင် အာဏာလွှဲပြောင်းရေးဆိုင်ရာ ကိစ္စများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။
အီရန်အား တိုက်ခိုက်ပါက ဖြစ်ပေါ်လာနိုင်သည့် ပဋိပက္ခကြီးမားမှုမှာ စိုးရိမ်စရာအခြေအနေတစ်ရပ် ဖြစ်ခြင်းကြောင့် ထရမ့်က ၎င်း၏ဆုံးဖြတ်ချက် အား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
‘’သူက တိုက်ခိုက်ဖို့အတွက် တောင်းဆိုခဲ့တာ။ ဖြစ်လာနိုင်တဲ့အခြေအ နေတွေကို အားလုံးက ရှင်းပြခဲ့ပြီးတဲ့နောက် ရှေ့ဆက်မလုပ်ဖို့အတွက် သူ ဆုံးဖြတ်ချက်ချခဲ့တယ်’’ ဟု အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

















