COVID-19 ကပ်ရောဂါအား ရပ်တန့်သွားစေရန်အတွက် ကာကွယ် ဆေးချည်းသက်သက် စွမ်းဆောင်နိုင်မည်မဟုတ်ဘဲ လူသားများ၏ ပူးပေါင်း ပါဝင်မှုလည်း လိုအပ်နေလိမ့်မည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲ တဲဒရို့စ်အဒါနွမ်ဂျီဘရီးယဲဆပ်စ်က နိုဝင်ဘာ ၁၆ ရက်၌ ပြောကြားခဲ့သည်။
လက်ရှိတွင် ထိရောက်မှုရှိသော COVID-19 ကာကွယ်ဆေးများ ရရှိ ထုတ်လုပ်နိုင်နေပြီဖြစ်သော်လည်း အကန့်အသတ်ဖြင့်သာ ထောက်ပံ့နိုင်ဦး မည်ဖြစ်ကြောင်း၊ ဦးစားပေး အစီအစဉ်များနှင့် အရေးပေါ် အသုံးပြုရသည့် အခြေအနေများရှိကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အား ကာကွယ် မိစေရန်အတွက် လိုအပ်ချက်များရှိနေကြောင်း ပြောကြားခဲ့သည်။
ထို့ကြောင့် လူအများအနေဖြင့် ခပ်ခွာခွာနေထိုင်ခြင်း၊ ဓာတ်ခွဲနမူနာ စစ်ဆေးခြင်း၊ ရောဂါပိုးရှိသူနှင့် ထိတွေ့သူများကို ခြေရာခံခြင်းစသော ကျန်း မာရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်နေရဦးမည်ဖြစ် ကြောင်း ၎င်းက သတိပေးခဲ့သည်။
ကုလသမဂ္ဂ လက်အောက်ခံ ကျန်းမာရေးအေဂျင်စီများတွင်ပင် COVID-19 ကူးစက်သူ ၆၆၀၉၀၅ ရှိကြောင်း WHO ၏ နိုဝင်ဘာ ၁၅ ရက် ထုတ်ပြန်ချက်အရ သိရပြီး စိုးရိမ်ရေအမှတ်ဖြစ်နေကြောင်း သိရသည်။
‘’ဗိုင်းရပ်စ်က ဆက်ပြီး ကူးစက်ပျံ့နှံ့ဖို့အတွက် အခြေအနေတွေ အများ ကြီးရှိနေပါသေးတယ်။ ထိန်းသိမ်းစောင့်ကြည့်တာတွေ ဆက်လုပ်ရမယ်။ လူ တွေကလည်း ဓာတ်ခွဲနမူနာ စစ်ဆေးတာတွေ လုပ်ဖို့ လိုတယ်။ သီးခြားခွဲနေ တာမျိုးတွေ၊ ရောဂါပိုးရှိသူနဲ့ ထိတွေ့ခဲ့သူတွေကို ခြေရာခံတာမျိုးတွေ လုပ်ရ ဦးမယ်။ အဲဒီအတွက် တစ်ဦးချင်းစီက ဂရုစိုက်ကြဖို့ လိုအပ်နေဆဲဖြစ် ပါတယ်’’ ဟု တဲဒရို့စ်က ပြောကြားခဲ့သည်။

















