အမေရိကန်၏ COVID-19 အခြေအနေသည် ပိုမိုဆိုးရွားလာနေခြင်း ကြောင့် သမ္မတဒေါ်နယ်ထရမ့်အနေဖြင့် အာဏာဆက်လက်ဆုပ်ကိုင်နိုင် ရေးကိုသာ ကြိုးပမ်းအားထုတ်နေမည်ဆိုပါက လူများ ပိုမိုသေဆုံးနိုင် ဖွယ်ရှိကြောင်း ရွေးကောက်ခံသမ္မတဂျိုးဘိုင်ဒင်က နိုဝင်ဘာ ၁၆ ရက်၌ ပြော ကြားခဲ့သည်။
လက်ရှိ ဒေါ်နယ်ထရမ့်အစိုးရအနေဖြင့် ရွေးကောက်ခံသမ္မတနှင့် ပူးပေါင်းဆောင်ရွက်မှုမရှိသည့် အခြေအနေအပေါ်တွင် မည်သည့် အကျိုး ဆက် ရှိလာနိုင်မည်နည်းဟု သတင်းထောက်တစ်ဦးက မေးမြန်းရာ ဘိုင်ဒင်က ‘’ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှု မလုပ်ဘူးဆိုရင်တော့ လူတွေပိုပြီး သေသွားနိုင်ပါတယ်’’ ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။
ကပ်ရောဂါကြောင့် ထိခိုက်ပျက်စီးသွားခဲ့ရသည့် အမေရိကန် စီးပွားရေးလုပ်ငန်းများအတွက် စီးပွားရေးလုပ်ငန်းရှင်များ၊ အလုပ်သမား အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လိုသည့် ဆန္ဒရှိကြောင်း လည်း ဘိုင်ဒင်က ပြောကြားခဲ့သည်။
သို့သော် COVID-19 ကပ်ရောဂါအား မဖြစ်မနေ ထိန်းချုပ်ရမည်ဖြစ်ပြီး လွှတ်တော်အနေဖြင့်လည်း ဥပဒေတစ်ရပ် ပြဌာန်းဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။
နိုဝင်ဘာ ၁၆ ရက်၌ အလုပ်သမားအဖွဲ့အစည်းများမှ ခေါင်းဆောင် များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီးနောက် ဘိုင်ဒင်က ဝီလ်မင်တန် ၌ သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ပြီး မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
COVID-19 ကာကွယ်ဆေး တိုးတက်ဖြစ်ထွန်းရရှိလာမှုအခြေအနေ များကိုလည်း ကြိုဆိုကြောင်း ဘိုင်ဒင်က ပြောကြားခဲ့သည်။ စီးပွားရေးလုပ် ငန်းရှင်များနှင့် အလုပ်သမားခေါင်းဆောင်များသည်လည်း ပူးပေါင်းဆောင် ရွက်မှုများ ပြုလုပ်သွားရန် အဆင်သင့်အနေအထားရှိကြောင်း ဘိုင်ဒင်က ဆိုသည်။ COVID-19 ကပ်ရောဂါကြောင့် အလုပ်လက်မဲ့ ဖြစ်မှုများအတွက် ဘိုင်ဒင်က ကြိုးစားဆောင်ရွက်သွားမည်ဖြစ်သည်။
‘’ကျွန်တော်တို့ဟာ အရမ်းကို ခက်ခဲကြမ်းတမ်းလွန်းတဲ့ ဆောင်းရာ သီကို ဖြတ်သန်းရတော့မယ်။ အရင်က လွယ်တဲ့အရာတွေဟာ အခု ပိုပြီး တော့ ခက်ခဲလာတော့မှာဖြစ်တယ်’’ ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။

















