မောင်တောမြို့ သာယာကုန်းကျေးရွာအနီး နင်းမိုင်းပေါက်ကွဲ၍ သုံးဦးသေဆုံး ခြောက်ဦးဒဏ်ရာရ

မောင်တောမြို့ သာယာကုန်းကျေးရွာအနီး နင်းမိုင်းပေါက်ကွဲ၍ သုံးဦးသေဆုံး ခြောက်ဦးဒဏ်ရာရ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်သာယာကုန်းကျေးရွာအနီးတွင် နင်းမိုင်းပေါက်ကွဲမှုကြောင့် လူသုံးဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်းနိုဝင်ဘာ ၁၇ ရက်တွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

နိုဝင်ဘာ ၁၇ ရက် နေ့လယ် ၁ နာရီကျော်ခန့်တွင် ရခိုင်ပြည်နယ်မောင်တောမြို့နယ် သာယာကုန်းကျေးရွာမှမောင်းနှင်လာသော NOAH အမျိုးအစား အနက်ရောင် မော်တော်ယာဉ်တစ်စီးသည် လိပ်ရလမ်းဆုံ အနီးအရောက်၌ ဒေသန္တရလက်လုပ် နင်းမိုင်အား နင်းမိပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူ ကိုးဦးအနက်ခရေမြိုင်ကျေးရွာနေ ကိုကျော်ရဲအောင်အသက်(၂၅)၊ မအေးဆန်းနု အသက်(၂ဝ)နှစ်နှင့် မောင်ကျော်ဆန်းဦးအသက်(၃)နှစ်တို့သုံးဦးမှာ နေရာ၌ပင်သေဆုံးခဲ့ပြီး တစ်ရွာတည်းနေ ကျန်ခြောက်ဦးမှာ ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါ မိုင်းပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နေရာတစ်ဝိုက်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ဖြစ်စဉ်တွင်ဒဏ်ရာရရှိခဲ့သူများအား လိုအပ်သောဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး မောင်တောမြို့နယ် ဆေးရုံသို့ဆက်လက် ပို့ဆောင်ပေးခဲ့ကြောင်းထုတ်ပြန်ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး