Kim Dong Jun ကွာရန်တင်းဝင်နေရတာကြောင့် JTBC ဒရာမာ “More Than Friends” ရဲ့ နောက်ဆုံးအပိုင်း နှစ်ပိုင်းကို ရွှေ့ဆိုင်းမယ်လို့သိရပါတယ်။
COVID-19 ပိုးတွေ့လူနာနဲ့ထိစပ်မိခဲ့တာကြောင့် Kim Dong Jun တစ်ယောက် ဆေးစစ်ခဲ့ ရပြီး negative အဖြေထွက်ခဲ့ပါတယ်။
ဒါပေမယ့်လည်း အစိုးရကထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအရ Kim Dong Jun က အချိန်အတိုင်းအတာတစ်ခုအထိ အသွားအလာအနေအထိုင် ကန့်သတ်ရမှာဖြစ်ပါတယ်။
“More Than Friends” ကလည်း ဒီအကြောင်းနဲ့ပတ်သက်ပြီး ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။
ရိုက်ကူးရေးအဖွဲ့သားတွေနဲ့ သရုပ်ဆောင်တချို့ရဲ့ကျန်းမာရေးလုံခြုံစိတ်ချရမှု အတွက် ရိုက်ကူးရေးကိုရပ်နားပြီး အပိုင်း ၁၅ နဲ့ ၁၆ ထုတ်လွှင့်မယ့်ရက်ကို နောက်ဆုတ်မယ့်အကြောင်း ကြေညာခဲ့ပါတယ်။
COVID-19 ထိန်းချုပ် ကာကွယ်ရေးအတွက် မဖြစ်မနေလုပ်ရတာမို့ ကြည့်ရှုသူတွေဘက်က နားလည်ပေးဖို့မျှော်လင့်ကြောင်းလည်း ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
“More Than Friends” အပိုင်း ၁၅ နဲ့ ၁၆ ကိုတော့ နိုဝင်ဘာလ ၂၇ ရက်နေ့နဲ့ ၂၈ ရက်နေ့မှာ ထုတ်လွှင့်ပြသမယ်လို့သိရပါတယ်။
















