ATEEZ အဖွဲ့ဝင် Mingi ကတော့ သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေကနေ ခေတ္တအနားယူမယ်လို့သိရပါတယ်။
ATEEZ ရဲ့ အေဂျင်စီ KQ Entertainment က Mingi ဟာ စိတ်ပိုင်းဆိုင်ရာစိုးရိမ်ကြောင့်ကြမှုတွေကြောင့် ပြန်လည်နေကောင်းလာတဲ့အချိန်အထိ ATEEZ အဖွဲ့ရဲ့အနုပညာလှုပ်ရှားမှုတွေကနေ ယာယီအနားယူမယ်လို့ ကြေညာခဲ့ပါတယ်။
လက်ရှိမှာတော့ Mingi က အေဂျင်စီနဲ့တိုင်ပင်ပြီး ဆေးရုံမှာဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။
ဆရာဝန်ရဲ့အကြံပြုချက်အရ Mingi စိတ်တည်ငြိမ်လာပြီး ပုံမှန်ဖြစ်တဲ့အထိ လုံလုံလောက်လောက် အနားယူရမှာဖြစ်ပါတယ်။
ဒါကြောင့်မို့ အေဂျင်စီဘက်ကလည်း Mingi ရဲ့ ကျန်းမာရေးကိုပဲအာရုံစိုက်ဖို့ ဆုံးဖြတ် ခဲ့ပြီး အဖွဲ့လိုက်လှုပ်ရှားမှုတွေကနေရော တစ်ကိုယ်တော်လှုပ်ရှားမှုတွေကနေပါ ယာယီအနားယူစေခဲ့တာပါ။
လက်ရှိမှာတော့ ကျန်တဲ့အဖွဲ့ဝင်တွေနဲ့ပဲ ပရိုမိုရှင်းတွေဆက်လုပ်သွားမှာဖြစ်ပြီး Mingi နေပြန်ကောင်းလာပြီး အလုပ်တွေပြန်လုပ်နိုင်ပြီဆိုတာနဲ့ ပရိသတ်တွေကိုအသိပေးသွားမယ်လို့ အေဂျင်စီကကြေညာခဲ့ပါတယ်။
















