“Run On” ဇာတ်လမ်းတွဲက Im Siwan ရဲ့ ဓာတ်ပုံတွေထွက်လာ
JTBC ရဲ့ “Run On” ဇာတ်လမ်းတွဲက Im Siwan ရဲ့ ပုံရိပ်တွေထွက်ပေါ်လာခဲ့ပါတယ်။
ဒီဇာတ်လမ်းတွဲထဲမှာ Im Siwan ကို အားကစားသမား Ki Sun Kyum အဖြစ် တွေ့မြင်ရမှာလည်းဖြစ်ပါတယ်။
Im Siwan က သူ့ရဲ့ ဇာတ်ကောင်စရိုက်ပြီပြင်ဖို့အတွက် အပြင်မှာလည်းမနက်စောစောထပြီး သက်လုံကောင်းအောင် လေ့ကျင့်ခန်း တွေပြုလုပ်ကာ ပြင်ဆင်ခဲ့ရတယ်လို့သိရပါတယ်။
Im Siwan နဲ့အတူ Oh Mi Jo, Seo Dan A, Lee Young Hwa နဲ့ တခြား သရုပ်ဆောင်များစွာ ပါဝင်ထားပြီး ဒါရိုက်တာ Lee Jae Hoon က ရိုက်ကူးထားပါတယ်။
“Run On” ဒရာမာကိုတော့ ဒီဇင်ဘာလ ၁၆ ရက်နေ့ကစပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့တွေမှာ ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။
















