“The Suicide Squad” မှာ Sylvester Stallone ပါဝင်လာမည်
DC ရဲ့ ထပ်ထွက်ဖို့ရှိနေတဲ့ “The Suicide Squad” မှာ မင်းသားကြီး Sylvester Stallone ပါဝင်လာဖို့ရှိတယ်လို့ သိရပါတယ်။
ဒီအကြောင်းကို အင်စတာဂရမ်ကနေတစ်ဆင့်ကြေညာခဲ့ပြီး သိပ်မကြာခင်မှာပို့စ်ကိုပြန်ဖျက်ခဲ့ပါ တယ်။
ဒါပေမယ့် သတင်းတွေအတော်လေးပျံ့နှံ့သွားတာကြောင့် “The Suicide Squad” ရဲ့ ဒါရိုက်တာ James Gunn က ဟုတ်မှန်ကြောင်းအတည်ပြုပေးခဲ့ရပါတယ်။
ဒါပေမယ့် Sylvester Stallone တစ်ယောက် ဘယ်လို ဇာတ်ကောင်နဲ့ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်လာမလဲဆိုတာကိုတော့မသိရသေးပါဘူး။
“The Suicide Squad” ရုပ်ရှင်ဟာ ၂၀၁၆ ခုနှစ်ကထွက်ခဲ့တဲ့ “Suicide Squad” ရဲ့ အဆက်ဖြစ်ပြီး Sylvester Stallone အပြင် Idris Elba နဲ့ John Cena တို့လည်း ပါဝင်လာမယ်လို့သိရပါတယ်။
















