“Fresh Prince” ထုတ်လွှင့်ပြသမယ့်ရက်ကို Will Smith ကြေညာ

“Fresh Prince” ထုတ်လွှင့်ပြသမယ့်ရက်ကို Will Smith ကြေညာ

“Fresh Prince” ထွက်ရှိလာမယ့်ရက်ကို ကြေညာလိုက်ပြီဖြစ်ပါတယ်။

မင်းသားကြီး Will Smith က ရုပ်ရှင် နမူနာနဲ့အတူ ပြသမယ့်ရက်ကိုပါ ကြေညာပေးခဲ့တာပါ။

Will Smith ဟာ YouTube မှာ နမူနာတင်ခဲ့တာဖြစ်ပြီး နာရီပိုင်းအတွင်းမှာတင် ကြည့်ရှုသူသန်းနဲ့ချီရှိခဲ့တာလည်းဖြစ်ပါတယ်။

“Fresh Prince” ကိုတော့ “The Fresh Prince of Bel Air” ရှိုး ထုတ်လွှင့်ခဲ့တာ နှစ် ၃၀ ပြည့်တဲ့နေ့ဖြစ်တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့ ဒီကနေ့မှာ HBO Max ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။

ဒီရှိုးကတော့ တစ်ခေတ်တစ်ခါကနာမည်ကြီးခဲ့တဲ့ “The Fresh Prince of Bel Air” ကို ပြန်လည်ကြည့်ရှုခံစားစေချင်တဲ့အနေနဲ့ စီစဉ်ရိုက်ကူးထားတဲ့ရှိုးတစ်ခုပါ။

အရင် တုန်းက လူမည်းတွေကြိုက်နှစ်သက်စွာအားပေးခဲ့တဲ့ ရှိုးတစ်ခုဖြစ်ပြီး အခု special reunion ထုတ်လွှင့်ချိန်မှာ တော့ ဘယ်လိုမျိုးတွေကြည့်ရှုရမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး