တိုင်းပြည်လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ဆက်လက်ထိန်းသိမ်းကြရန် တပ်ချုပ်တိုက်တွန်း

တိုင်းပြည်လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ဆက်လက်ထိန်းသိမ်းကြရန် တပ်ချုပ်တိုက်တွန်း

တပ်မတော်အနေဖြင့် ဖြတ်သန်းလာသည့် သမိုင်းကြောင်းတစ်လျှောက်တွင်အမျိုးသားနိုင်ငံရေး အခန်းကဏ္ဍ၌တိုင်းပြည်လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက်တာဝန်သိစွာဖြင့် လုပ်ဆောင်ခဲ့သည်ကိုသိရှိနားလည်ရန်နှင့် ဆက်လက်ထိန်းသိမ်းသွားကြရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအအောင်လှိုင်က ပြောသည်။

နိုဝင်ဘာ ၁၈ ရက်က တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊တာချီလိတ်တပ်နယ်မှ အရာရှိစစ်သည်များ၊ မိသား စုဝင်များနှင့်တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အထက်ပါအတိုင်းထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ် သည်။

တပ်မတော်မတော်အား နိုင်ငံတကာမှတပ်မတော်များနှင့် ရင်ဘောင်တန်းနိုင်အောင် ကြိုးစားတည်ဆောက်ပေးလျက်ရှိကြောင်း၊ ပြောင်းလဲလာသည့် ခေတ်ကာလနှင့်ကိုက်ညီသည့် စွမ်းရည်စွမ်းအား ကောင်းမွန်သည့် ကာကွယ်ရေးအသုံးအဆောင်ပစ္စည်းများကို တပ်ဆင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လက်ရှိအချိန်တွင်ယခင်ကထက်သာလွန်သည့် ကာကွယ်ရေးစွမ်းရည်ကို တည်ဆောက်ပေးနိုင်ခဲ့ပြီးဆက်လက်တိုးမြှင့်တည် ဆောက်သွားကြရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

တပ်မတော်သားများ အနေဖြင့်လည်း အရည်အချင်းရှိသည့်၊ စစ်စည်းကမ်းနှင့်အမိန့်နာခံတတ်သည့် တပ်မတော်သားများဖြစ်အောင် ကြိုးစားအားထုတ်ကြစေလိုကြောင်း၊ တပ်မတော်အနေဖြင့် ဖြတ်သန်းလာသည့် သမိုင်းကြောင်းတစ်လျှောက်တွင် အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍ၌ တိုင်းပြည်လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးအတွက် တာဝန်သိစွာဖြင့်လုပ်ဆောင်ခဲ့သည်ကို သိရှိနားလည်ရန်နှင့် ဆက်လက် ထိန်းသိမ်းသွားကြရမည်ဖြစ်ကြောင်း လက်ဆင့်ကမ်းတာဝန်များကို ထမ်းဆောင်ကြမည့် မျိုးဆက်သစ် တပ်မတော်သားများကို လည်းကောင်းမွန်သည့် အနာဂတ်ကို ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်သည့်အတွက် တစ်သွေးတည်း၊ တစ်သားတည်း တစ်စိတ်တစ်ဝမ်းတည်းဖြင့် စွမ်းရည်စွမ်းအားရှိသောတပ်မတော်ဖြစ်အောင်၊ စစ်သားကောင်းပီသအောင် ကြိုးစားအားထုတ်ကျင့်ကြံနေထိုင်သွားကြစေလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်တွန်းပြောဆိုခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး