ကိုဗစ်ကာကွယ်၊ထိန်းချုပ်၊ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီသို့ NLD ပါတီ ငွေကျပ်သိန်း ၃ဝဝဝ လှူဒါန်း

ကိုဗစ်ကာကွယ်၊ထိန်းချုပ်၊ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီသို့ NLD ပါတီ ငွေကျပ်သိန်း ၃ဝဝဝ လှူဒါန်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအနေဖြင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီသို့ငွေကျပ်သိန်း ၃ဝဝဝ အား လှူဒါန်းခဲ့ကြောင်း သိရသည်။

NLD ပါတီ၏ သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်တို့သည် နိုဝင်ဘာ ၁၈ ရက် နေ့လယ်ပိုင်းက နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရုံးတွင်လှူဒါန်းမှု ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကလက်ခံရယူခဲ့သည်။ ယခုအလှူငွေများအား မြန်မာနိုင်ငံ၏ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လှူဒါန်းရခြင်းဖြစ်သောကြောင့် ဝမ်းမြောက်ဂုဏ်ပြုကြောင်း ဦးဝင်းထိန်က ပြောကြားခဲ့သည်။

ယခုကဲ့သို့ လှူဒါန်းမှုများသည် COVID-19 ဖြစ်ပွားနေစဉ်ကာလတွင် ဆေးရုံများရှိ အထူးကြပ်မတ်ကု သဆောင်များအား အဆင့်မြ§င့်တင်ခြင်း၊ ဆေးရုံများတွင် အောက်ဆီဂျင်ပိုက်လိုင်းတပ်ဆင်ခြင်းစသည်တို့တွင် အသုံးပြုဆောင်ရွက်လျက်ရှိသဖြင့် ယခု COVID-19 ဖြစ်စဉ်အတွင်း၌ သာမက ရေရှည်တွင်ပါ လူနာများ၏အသက်ကို ကယ်တင်ကုသနိုင်မည်ဖြစ်ပြီး ပြည်သူများအတွက် များစွာအကျိုးရှိပါကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောဆိုခဲ့သည်။

ထို့ပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အနေဖြင့်လည်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်မှုများနှင့်အတူ နှီးနွယ်နွှယ်သောဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ ဆောင်ရွက်နေကြောင်း၊ပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ မဖြစ်မနေစနစ်တကျ တပ်ဆင်ကြရေးအတွက် လူထုကျန်းမာရေး အသိပညာပေးလှုပ်ရှားမှုစီမံချက်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ဒေါက်တာမြင့်ထွေးက ပြောဆိုသည်။

ထို့အတွက်ကြောင့်လည်း အဆိုပါစီမံချက်လုပ်ငန်းများအား NLD ပါတီမှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်းတက်နိုင်သမျှပါဝင်ကူကြရန် သဘာပတိကြီးမှတစ်ဆင့် မေတ္တာရပ်ခံပေးစေလိုကြောင်လည်း ပြောဆိုသည်။ ရောဂါကူးစက်ပြန့်ပွားမှုကွင်းဆက်ကိုဖြတ်တောက်ပြီး ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်မှသာ စီးပွားရေး၊ပညာရေးနှင့် လူမှုရေးလုပ်ငန်းများကို ပုံမှန်အနေအထားအတိုင်းအမြန်ဆုံးပြန်လည် လုပ်ကိုင်လာနိုင်မည်ဖြစ်သည့်အတွက် အဆိုပါစီမံချက်သည်ပြည်သူများ၏ ကျန်းမာရေးအတွက် အရေးကြီးသော စီမံချက်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းပြောဆိုခဲ့သည်။

ပြည်သူများအနေဖြင့် COVID-19 ကာကွယ်ရေးစည်းကမ်းများနှင့်အညီလိုက်နာကျင့်သုံးပါက ရောဂါကူးစက်မှုများ အချိန်တိုအတွင်း ကျဆင်းသွားမည်ဖြစ်ကြောင်းလည်း ပြောဆိုသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက လှူဒါန်းမှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး