ကရင်ပြည်နယ် ၊နယ်ခြားစောင့်တပ်များ၏ အထွေထွေအတွင်းရေးမှူးဗိုလ်မှူးကြီးစောချစ်သူ(ဇနီး) နန်းခင်လှသူ မိသားစုတို့ဦးဆောင်ပြီးအလှူရှင်များစုပေါင်း၍မြဝတီမြို့နယ်အတွင်းရှိ'တုံးတံတား'ကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှအိမ်ထောင်စု/စုစုပေါင်း (၁၁ဝဝ) အားယနေ့နိုဝင်ဘာ ၁၈ ရက်နေ့နံနက် ၉း၃ဝ အချိန်ကအခြေခံစားသောက်ကုန်များအားကျပ်သိန်း(၃ဝဝ)ကျော်အကုန်ခံ၍လှူဒါန်းခဲ့ကြောင်းသိရသည်။
ထိုသို့လှူဒါန်းရာ၌အိမ်ထောင်တစ်စုလျင်ဆန် ၆ ပြည်တစ်အိတ်၊မားမားခေါက်ဆွဲ(၃ဝ)ထုပ်ပါတစ်ဖာ ၊ငါးသေတ္တာ(၁ဝ) ဗူး၊ကြက်ဥအလုံး (၃ဝ)၊ဆီ( ၁ ) လီတာတစ်ဘူး၊ကြက်သွန်နီတစ်ပိဿာနှင့်ငွေ(၅ဝဝဝ)ကျပ်,စီအား အိမ်ထောင်စု(၁၁ဝဝ)ကိုထောက်ပံ့လှူဒါန်းပေးခြင်းဖြစ်သည်။
"ကျေးဇူးတော်ရှင် သစ်တံခါးဆရာတော်ဘုရားကြီးကဓိဌာန်(၁ဝ၈)ရက်ဝင်တာဒီနေ့ပြည့်ပြီဖြစ်သလိုဒီမှာတည်ထားကိုးကွယ်တဲ့ကျိုက်ထီးရိုးပုံတူစေတီတော်မြတ် ထီးတော်တင်လှူမှာဖြစ်လို့အထိမ်းအမှတ်အဖြစ်အနေနဲ့ရောကိုဗစ်ကာလအတွင်းကျေးတောရွာတွေကရွာသူရွာသားတွေအလုပ်အကိုင်မရှိကြပဲစားရေးသောက်ရေးအဆင်မပြေကြတဲ့ရွာသူရွာသားတွေလည်းအဆင်ပြေစေဖို့အခုလိုနယ်ခြားစောင့်တပ်များအထွေထွေအတွင်းရေးမှူးဗိုလ်မှူးကြီးစောချစ်သူနဲ့သူ့မိတ်ဆွေအလှူရှင်တွေပူးပေါင်းလှူဒါန်းကြတာဖြစ်ပါတယ်"ဟုနယ်ခြားစောင့်တပ်နယ် ၃ မှတာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါထောက်ပံ့လှူဒါန်းပေးသည့်နေရာသို့ကရင်ပြည်နယ် မြဝတီမြို့အမှတ်(၂၇၅) မြသုခတပ်ဦးကျောင်းတိုက်ဆရာတော် နိုင်ငံတော်သံဃဗဟိုဝန်ဆောင်ဒေါက်တာအရှင်ပညာနန္ဒနှင့်မြဝတီတောင်ကလေးဆရာတော်တို့မှလည်းလာရောက်အားပေးချီးမြှင့်ခဲ့ကြောင်းသိရသည်။
















