ပြစ်မှု၊ပြစ်ဒဏ်မမျှဟုဆို၍မြို့နယ်တရားရုံးအား တစ်ကိုယ်တော်ဆန္ဒပြရန်လျောက်ထားမှု ရဲတပ်ဖွဲ့ခွင့်မပြု

ပြစ်မှု၊ပြစ်ဒဏ်မမျှဟုဆို၍မြို့နယ်တရားရုံးအား တစ်ကိုယ်တော်ဆန္ဒပြရန်လျောက်ထားမှု ရဲတပ်ဖွဲ့ခွင့်မပြု

မြဝတီမြို့တွင်ပြစ်မှုနှင့်ပြစ်ဒဏ်မျှတမှုမရှိဟုဆိုကာတစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ခွင့်တင်ပြမှုအပေါ်မြို့နယ်ရဲတပ်ဖွဲ့မှူးမှခွင့်မပြုကြောင်းသိရသည်။

ဖြစ်စဉ်မှာနိုဝင်ဘာ ၁၈ ရက်နေ့နံနက်ပိုင်းကမြဝတီမြို့အမှတ် ၄ ရပ်ကွက်ဟေမာန်ဦးဘုန်းကြီးကျောင်းအနီးနေကိုဝင်းဇော်မှလွန်ခဲ့သည့် ၂ဝ၁၈ ခုနှစ်နိုဝင်ဘာ ၉ ရက်နေ့ကမြဝတီမြို့မြစန္ဒီပန်းခြံအတွင်ရှိ City Home စားသောက်ဆိုင်တွင်ကျော်ကျော်အပါအဝင်လူတစ်စုကမင်းမဲ့စရိုက်ဆန်ဆန်ဝိုင်းဝန်းထိုးနှက်ခံရသည်ကိုမြဝတီရဲစခန်းတွင်အမှုဖွင့်ခဲ့ရာမြဝတီရဲစခန်းမှ ၂ဝ၁၈ ခုနိုဝင်ဘာ ၉ ရက်နေ့က(ပ)၈၉၃/၂ဝ၁၈၊ရာဇသတ်ကြီးပုဒ်မရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၂၃/၁၁၄ ဖြင့်အရေးယူခဲ့ပြီးမြဝတီတရားရုံးတွင်အမှုစွဲတင်ခဲ့သည်။

၎င်းအမှုအားမြဝတီတရားရုံးမှ ၂ နှစ်ကျော်နှင့်ရုံးချိန်းပေါင်း ၅၃ ချိန်းတိတိစစ်ဆေးခဲ့ပြီး ၂ဝ၂ဝ ခုနှစ်နိုဝင်ဘာ ၁၆ ရက်နေ့တွင်ဝိုင်းဝန်းထိုးကြိတ်သူကျော်ကျော်(၄ဝ)နှစ်အားထောင်ဒဏ်တစ်လနှင့်ညီညီ(၃၈)နှစ်အားငွေဒဏ် ၅ဝဝဝဝ ကျပ်ပြစ်ဒဏ်ချမှတ်ခဲ့သည်။အခြားဝိုင်းဝန်းထိုးကြိတ်သူများမှာလည်းပါဝင်လာခြင်းမရှိဘဲချစ်လွှမ်းပိုင်ဆိုသာမှာထွက်ပြေးသွားသဖြင့်ဝရမ်းပြေးအဖြစ်တရားရုံးမှကြေငြာထားကြောင်းသိရသည်။

"ကျွန်တော့ကိုလူ ၇ ယောက်ကမင်းမဲ့စရိုက်ဆန်ဆန်ဝိုင်းထိုးကြတယ်၊ကျွန်တော်ဆေးရုံမှာ ၅ ရက်တက်ရောက်ကုသလိုက်ရတယ်၊ရဲစခန်းမှာအဲဒါအမှုဖွင့်ပြီးတရားရုံးမှာတရားရင်ဆိုင်တာ ၂ နှစ်ကြာပြီးမြို့နယ်တရားသူကြီးကအမိန့်ချတော့ကျူးလွန်သူကိုထောင်ဒဏ်တစ်လချတယ်၊ပါဝင်သူတစ်ဦးကိုဒဏ်ငွေ ၅ဝဝဝဝ ရိုက်တယ်။ကျွန်တော်ကအများကြီးနနစ်နာပါတယ်၊ဒါကိုအထက်ကိုအယူခံတက်ဖို့ပြောပေမဲ့ကျွန်တော်ကတော့အယုံအကြည်မရှိတော့လို့ဆန္ဒပြခွင့်တင်တယ်၊မြို့နယ်ရဲတပ်ဖွဲ့မှူးကမြဝတီမြို့နယ်အတွင်းဒေသဆိုင်ရာလိုအပ်ချက်အရကြိုတင်သတ်မှတ်ထားသောဒေသန္တရစည်းကမ်းချက်အပိုဒ် ၂၄ တွင်"အရေးပေါ်ကာလထုတ်ပြန်ထားသည့်အချိန်တွင်တင်ပြလာခြင်းအားခွင့်မပြု"နှင့်အပိုဒ် ၂၈ တွင်"သဘာဝဘေးအန္တရာယ်ကျရောက်နှိုင်သည့်အခြေအနေအချိန်ကာလများတွင်ဆောင်ရွက်ခြင်းမပြုရ"ဟူသောစည်းကမ်းချက်များနှင့်ငြိစွန်းနေတယ်ဆိုပြီးခွင့်မပြုဘူး"ဟုနစ်နာသူကိုဝင်းဇော်ကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး