ပေကျင်း နိုဝင်ဘာ ၂၁ - တရုတ်နိုင်ငံသည် ထျန်ကျင်းဆိပ်ကမ်းမြို့မြောက်ပိုင်းရှိ လူဦးရေ ၃ သန်းအား COVID-19 ဓာတ်ခွဲနမူနာ စစ်ဆေးခြင်းများ အင်တိုက်အားတိုက် စတင်လုပ်ဆောင်လျက်ရှိပြီး ရှန်ဟိုင်းမြို့ရှိ အခြားဆေးရုံတစ်ခုတွင်လည်း ၄၀၁၅ ဦးကို ဓာတ်ခွဲနမူနာ စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၂၁ ရက်နေ့တွင် ထျန်ကျင်းမြို့နှင့် ရှန်ဟိုင်းတို့တွင် COVID-19 ပြည်တွင်းကူးစက်သူသစ် ခုနစ်ဦးရှိခဲ့ပြီးနောက် ယင်းကဲ့သို့ ဓာတ်ခွဲနမူနာစစ်ဆေးခြင်းများကို အင်တိုက်အားတိုက် စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ရောဂါကူးစက်ခံရသူများ နေထိုင်သောရပ်ကွက်များကို သက်ဆိုင်ရာအာဏာပိုင်များက လူဝင်လူထွက်ပိတ်ထားလိုက်ပြီး နေအိမ်များကိုလည်း ပိတ်ထားခဲ့သည်။ ကြိုတင်ကာကွယ်သည့်အနေဖြင့် ဆေးရုံတစ်ခုနှင့် မူကြိုကျောင်းများကိုလည်း ပိတ်ထားခဲ့သည်။
နိုဝင်ဘာ ၂၀ ရက် နှောင်းပိုင်းတွင် ရှန်ဟိုင်းရှိ ဆေးရုံတစ်ရုံသို့ရောက်ရှိလာသော ဇနီးမောင်နှံနှစ်ဦး၌ COVID-19 ရောဂါပိုးတွေ့ရှိခဲ့ ရပြီးနောက် အာဏာပိုင်များသည် ယင်းဆေးရုံအား လူဝင်လူထွက် ပိတ်ထားလိုက်ပြီဖြစ်သည်။
တရုတ်နိုင်ငံတွင် COVID-19 ကြောင့် သေဆုံးသူ ၆၈၄၁၄ ဦးရှိပြီး သေဆုံးသူ ၄၆၃၄ ဦးရှိကြောင်း ရိုက်တာသတင်းဌာန၏ စာရင်းအင်းများအရ သိရသည်။

















