တောင်ကိုရီးယား၌ ငါးရက်ဆက်တိုက် တစ်ရက်လျှင် COVID-19 ကူးစက်သူသစ် ၃၀၀ ကျော်ရှိ

တောင်ကိုရီးယား၌ ငါးရက်ဆက်တိုက် တစ်ရက်လျှင် COVID-19 ကူးစက်သူသစ် ၃၀၀ ကျော်ရှိ

ဆိုးလ် နိုဝင်ဘာ ၂၂ - တောင်ကိုရီးယားနိုင်ငံ၌ နိုဝင်ဘာ ၂၂ ရက်အထိ ငါးရက်ဆက်တိုက် တစ်ရက်လျှင် COVID-19 ကူးစက်သူသစ် ၃၀၀ ကျော်ရှိခဲ့ပြီး ယင်းနှုန်းအတိုင်းသာ ကူးစက်သူဆက်တိုးနေဦးမည်ဆိုပါက လူဦးရေထူထပ်သော မြို့တော်ဆိုးလ်နှင့် ဝန်းကျင်ဒေသများတွင် ကူးသန်းသွားလာမှုဆိုင်ရာ တင်းကျပ်သည့် စည်းမျဉ်းများကို ပြန်လည်ချမှတ်ရမည်ဖြစ်ကြောင်း အစိုးရက ပြောဆိုခဲ့သည်။

တောင်ကိုရီးယား၌ နိုဝင်ဘာ ၂၁ ရက်တွင် COVID-19 ကူးစက်သူသစ် ၃၃၀ ရှိခဲ့ပြီး နိုဝင်ဘာ ၂၀ ရက်တွင်ရှိခဲ့သည့် ၃၈၆ ဦးမှ ကျဆင်းသွားခဲ့ခြင်းဖြစ်ကြောင်း ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးဌာန(KCDA) က ထုတ်ပြန်ခဲ့သည်။

လာမည့်ရက်ပိုင်းအတွင်း COVID-19 ကူးစက်သူသစ်ဦးရေ သိသာထင်ရှားစွာ ကျဆင်းသွားခြင်းမရှိပါက ကူးသန်းသွားလာမှုကန့်သတ်ချက်အဆင့်ကို တိုးမြှင့်ရမည်ဖြစ်ကြောင်း အစိုးရအရာရှိများက ပြောဆိုခဲ့သည်။

တောင်ကိုရီးယားနိုင်ငံသည် အရေးကြီးသည့် လမ်းဆုံလမ်းခွကို ရောက်ရှိနေပြီဖြစ်ပြီး လက်ရှိကူးစက်မှုကို မထိန်းချုပ်နိုင်ပါက နိုင်ငံတွင်း ယခင်ကူးစက်မှုလှိုင်းနှစ်ခုထက် ပိုမိုကြီးမားသောလှိုင်းနှင့် ကြုံတွေ့ရမည်ဖြစ်ကြောင်း KCDA အရာရှိတစ်ဦးက နိုဝင်ဘာ ၂၁ ရက်တွင် သတိပေးပြောဆိုခဲ့သည်။

အင်မတန်ယှဉ်ပြိုင်မှုပြင်းထန်သော ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဒီဇင်ဘာ ၃ ရက်တွင် ကျင်းပမည်ဖြစ်ရာ တောင်ကိုရီးယားအစိုးရသည် ကူးသန်းသွားလာမှုကန့်သတ်ချက်များကို တင်းကျပ်ထားပြီး ဆေးရုံခုတင်များစွာကိုလည်း ကြိုတင်ပြင်ဆင်ထားခဲ့သည်။ လူစုလူဝေးပြုမှုအားလုံးကို မပြုလုပ်ရန် ဝန်ကြီးချုပ် ချွန်ဆဲကျွန်က တိုက်တွန်းထားသည်။

ဘားများ၊ နိုက်ကလပ်များ၊ ဘာသာရေးအခမ်းအနားများနှင့် အားကစားပြိုင်ပွဲများကို ဆက်လက်ကျင်းပခွင့်ပြုထားသော်လည်း ပရိသတ်ဦးရေအကန့်အသတ်ဖြင့် ကျင်းပရမည်ဖြစ်သည်