Lee Je Hoon, Esom, Kim Eui Sung နဲ့ April အဖွဲ့ဝင် Naeun တို့ကို ဇာတ်လမ်းတွဲတစ်ခုတည်းမှာ အတူတွေ့ ရတော့မှာဖြစ်ပါတယ်။
SBS ရဲ့ “Deluxe Taxi” ဆိုတဲ့ဒရာမာမှာ ပါဝင်သရုပ်ဆောင်ဖို့သေချာသွားပြီဖြစ်ကြောင်း သရုပ်ဆောင်လေးယောက်လုံးက အတည်ပြုပြောကြားခဲ့တာပါ။
“Deluxe Taxi” ဆိုတဲ့ webtoon ကို အခြေခံ ရိုက်ကူးထားတဲ့ဒီဇာတ်ကားမှာ Lee Je Hoon ကတော့ Kim Do Gi နေရာက သရုပ်ဆောင်ရမှာဖြစ်ပြီး သူက ရဲအရာဟောင်းတစ်ယောက်ဖြစ်ခဲ့ပြီး လက်ရှိမှာအငှားကားမောင်းနေသူ တစ်ယောက်ဖြစ်ပါတယ်။
Esom က အစိုးရရှေ့နေ Kang Ha Na နေရာကပါဝင်ရမှာပါ။ Kim Eui Sung က အငှားကားဝန်ဆောင်မှုလုပ်ငန်းရဲ့ CEO Jang Sung Cheol အဖြစ် သရုပ်ဆောင်ရမှာဖြစ်ပြီး Naeun ကတော့ အငှားကားဝန်ဆောင်မှုလုပ်ငန်းက ဟက်ကာတစ်ယောက်အနေနဲ့ ပါဝင်ရမှာဖြစ်ပါတယ်။
“Deluxe Taxi” ကိုတော့ ၂၀၂၁ ခုနှစ်အတွင်းမှာ ထုတ်လွှင့်ပြသမယ်လို့သိရပါတယ်။
















