လက်ရှိထုတ်လွှင့်ပြသနေတဲ့ “Start Up” ဇာတ်လမ်းတွဲက မင်းသား Kim Seo Ho ရဲ့ အင်စတာဂရမ်အကောင့် မှာ တစ်လအတွင်း follower တစ်သန်းကျော်တိုးလာခဲ့တယ်လို့သိရပါတယ်။
Kim Seo Ho ရဲ့ ပရိသတ် တစ်ယောက်က စစ်တမ်းကောက်ယူတဲ့သဘောမျိုးဖော်ပြထားတာကို SBS က တစ်ဆင့်ပြန်လည်ဖော်ပြခဲ့တာပါ ။
Kim Seo Ho ရဲ့ အင်စတာဂရမ်မှာ လက်ရှိ follower နှစ်သန်းကျော်ရှိပါတယ်။
လွန်ခဲ့တဲ့တစ်လကအထိ follower တစ်သန်းကျော်သာရှိခဲ့တာဖြစ်ပြီး ကျန်တဲ့တစ်ဝက်က တစ်လအတွင်းမှာတိုးလာတာပဲဖြစ်ပါတယ်။
ဆက်လက်ဖော်ပြထားတဲ့အချက်အလက်တွေအရ Kim Seo Ho ဟာ တစ်နေ့ကို follower လေးသောင်းကျော် တိုးလာနေတယ်လို့သိရပါတယ်။
အသက် ၃၄ နှစ်အရွယ် Kim Seo Ho ဟာ ၂၀၀၉ ခုနှစ်ကတည်းက အနုပညာ လောကထဲကို စတင်ဝင်ရောက်ခဲ့ပြီး ဇာတ်ကားများစွာရိုက်ကူးခဲ့ပေမယ့် ပရိသတ်အားပေးမှုသိပ်မရရှိခဲ့ပဲ အခုပြသနေတဲ့ “Start Up” ဇာတ်လမ်းတွဲနဲ့ မှ ပရိသတ်တွေရဲ့လက်ခံအားပေးမှုကို ထိုက်ထိုက်တန်တန်ရရှိခဲ့ တာပဲဖြစ်ပါတယ်။
















