သွေးကင်ဆာရောဂါကြောင့် ဆေးကုသမှုခံယူနေရတဲ့ Choi Sung Won

သွေးကင်ဆာရောဂါကြောင့် ဆေးကုသမှုခံယူနေရတဲ့ Choi Sung Won

သရုပ်ဆောင် Choi Sung Won ဟာ လက်ရှိမှာ သွေးကင်ဆာရောဂါဝေဒနာအတွက် ဆေးကုသမှုခံယူနေရပါတယ်။

သူဟာ ၂၀၁၆ ခုနှစ် မေလမှာကလည်းက စိုးရိမ်ဖွယ်ရာကင်ဆာဝေဒနာအဆင့်ကို ရောက်ရှိနေပြီဖြစ်ပြီး ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှာ ပရိသတ်တွေကိုကင်ဆာရောဂါပျောက်ကင်းသွားပြီဖြစ်ကြောင်း တရားဝင်ကြေညာ ခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မှာ သရုပ်ဆောင်လောကကိုပြန်လည်ရောက်ရှိလာခဲ့ပြီး အခုတော့ ရောဂါပြန်လည်ခံစား နေရတာကြောင့် ဆေးရုံမှာဆေးကုသမှုထပ်မံခံယူနေရပါတယ်။

သူဟာဒီကြားထဲမှာ ရောဂါအတော်လေးသက်သာလာတာကြောင့် ဇာတ်လမ်းတွဲ တွေများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

အခုလည်းဆေးကုသမှုခံယူနေရပေမယ့် Choi Sung Won ရဲ့ အခြေအနေက အကောင်းကြီးလည်းမဟုတ်သလို စိုးရိမ်ရလောက်တဲ့အနေအထားမျိုးလည်းမရှိဘူးလို့ အေဂျင်စီကထုတ်ပြန် ကြေညာခဲ့ပါတယ်။

ဇွန်လတုန်းက “Chami” မှာ ပါဝင်နေရင်းကနေ ကျန်းမာရေးအခြေအနေကြောင့် အဆုံးထိ မပါဝင်နိုင်တော့ပဲ နုတ်ထွက်ခဲ့ရပါတယ်။

သူ့ရဲကကျန်းမာရေးအခြေအနေက အရမ်းမဆိုးနေပေမယ့်လည်း သရုပ်ဆောင်နိုင်လောက်တဲ့အထိတော့ မကောင်းမွန်သေးဘူးလို့လည်းသိရပါတယ်။

Choi Sung Won ဟာ ၂၀၁၀ ခုနှစ်မှာ “While You Were Sleeping” musical နဲ့ ပွဲဦးထွက်လာခဲ့ပြီး နောက်ပိုင်းမှာတော့ ပြဇာတ်တွေ အပြင် ရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာပါ ပါဝင်နိုင်ခဲ့ပါတယ်။

အသက် ၃၅ နှစ်အရွယ် Choi Sung Won ဟာ “Reply 1988” ထဲက ဇာတ်ကောင်နဲ့ လူသိများလာခဲ့ပြီး သူနောက်ဆုံးပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်လမ်းတွဲ ကတော့ ၂၀၁၉ ခုနှစ်ကထွက်ခဲ့တဲ့ “Psychopath Diary” ပဲ ဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး