Stassi Schroeder က သူမရဲ့ခင်ပွန်းဖြစ်သူ Beau Clark ရဲ့ ရင်သွေးလေးကိုလွယ်ထားရပြီဖြစ်ကြောင်း ဇွန်လကုန်ပိုင်းလောက်မှာ ကြေညာခဲ့ပါတယ်။
ကြေညာပြီးငါးလလောက်အကြာ ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ အဝတ်အစားမဝတ်ထားပဲ ပိတ်စတစ်စနဲ့သာခန္ဓာကိုယ်ကိုဖုံးထားတဲ့ ကိုယ်ဝန်ဆောင်သည်ဘဝပုံရိပ်တွေကို သူမရဲ့အင်စတာဂရမ်မှာ မျှဝေခဲ့ပါတယ်။
အသက် ၃၂ နှစ် အရွယ် Stassi Schroeder ကတော့ မော်ဒယ်လ် တစ်ယောက်ဖြစ်သလို ဖက်ရှင်ဘလော့ဂါနဲ့ တီဗွီအစီအစဉ်တင်ဆက်သူတစ်ယောက်လည်းဖြစ်ပါတယ်။
Stassi Schroeder တို့ စုံတွဲဟာ ချစ်သူသက်တမ်းနှစ်နှစ်လောက် အကြာမှာ စေ့စပ်ခဲ့ကြတာဖြစ်ပါတယ်။
မင်္ဂလာပွဲ ကျင်းပဖို့စီစဉ်ထားပေမယ့် ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားနေမှုတွေ ကြောင့် အစီအစဉ်ပြောင်းလဲခဲ့ရပြီး ပြီးခဲ့တဲ့ စက်တင်ဘာလကမှ အခမ်းအနားလေးတစ်ခု အကျဉ်းချုံးပြုလုပ်ခဲ့ရပါတယ်။
















