မဂ္ဂဇင်းတစ်ခုအတွက် ဓာတ်ပုံရိုက်ကူးပေးခဲ့တဲ့ Gong Yoo နဲ့ Park Bo Gum
“Seobok” ရုပ်ရှင်ရဲ့အဓိကသရုပ်ဆောင်တွေဖြစ်ကြတဲ့ Gong Yoo နဲ့ Park Bo Gum တို့က “Cine21” မဂ္ဂဇင်း အတွက် ဓာတ်ပုံတွေရိုက်ကူးပေးခဲ့ပါတယ်။
ဓာတ်ပုံရိုက်ကူးဖို့အတွက် ပြင်ဆင်မှုအပိုင်းမှာတော့ နှစ်ယောက်လုံး ရဲ့ ချောမောသန့်ပြန့်နေတဲ့စတိုင်လ်အမိုက်စားတွေကို တွေ့မြင်ရမှာပါ။
“Seobok” ကတော့ သာမန်ကိုရီးယား ဇာတ်လမ်းတွေနဲ့ကွဲထွက်နေတဲ့ စိတ်ဝင်စားဖွယ်သိပ္ပံအက်ရှင်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
ကမ္ဘာ့ပထမဆုံး လူသားပုံစံတူစက်ရုပ်နဲ့ လူသားအစစ်တို့ရဲ့ကြားက မေတ္တာတရားကိုလည်းရိုက်ကူးဖော်ပြထားတဲ့ ဇာတ်ကား ကောင်းတစ်ခုလို့လည်းပြောလို့ရပါတယ်။
“Seobok” ရုပ်ရှင်ကို လာမယ့် ဒီဇင်ဘာလ ၂ ရက်နေ့မှာ ရုံတင်ပြသ မှာဖြစ်ပါတယ်။
















