ဦးထိုက်ဇော် လုပ်ကြံခံရမှုနှင့်ပတ်သက်၍အမေရိကန်သံရုံး ဝမ်းနည်းကြောင်းဆို၊ ဥပဒေအရအရေးယူရန် ပြင်သစ်သံအမတ်ကြီး တိုက်တွန်း

ဦးထိုက်ဇော် လုပ်ကြံခံရမှုနှင့်ပတ်သက်၍အမေရိကန်သံရုံး ဝမ်းနည်းကြောင်းဆို၊ ဥပဒေအရအရေးယူရန် ပြင်သစ်သံအမတ်ကြီး တိုက်တွန်း

NLD ပါတီ၏ အနိုင်ရအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော် လုပ်ကြံခံရမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဝမ်းနည်းကြောင်းထုတ်ပြန်လိုက်သည့်အပြင် ကျူးလွန်သူအား အရေးယူပေးရန် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီးကလည်း တိုက်တွန်းထားသည်။

အမျိုးသားလွှတ်တော်အတွက် ယှဉ်ပြိုင်အရွေးခံထားရသည့် ဦးထိုက်ဇော်သည် ၎င်း၏နေအိမ်၌ပင် သေနတ်ဖြင့်ပစ်သတ်ခံရပြီး သေဆုံးသွားသည့်အတွက် မိသားစုဝင်များ၊ မိတ်ဆွေများနှင့်ထပ်တူ ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ နိုဝင်ဘာ ၂၃ ရက်ကထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီးဖြစ်သူ Mr. Christian Lechervy ကလည်း ဦးထိုက်ဇော်သေဆုံးမှုနှင့်ပတ်သက်၍ ၎င်း၏မိသားစုဝင်များနှင့် မိတ်ဆွေသူငယ်ချင်းများအား လှိုက်လှဲစွာဖြင့် ဝမ်းနည်းကြေကွဲကြောင်း နိုဝင်ဘာ ၂၂ ရက်ကထုတ်ပြန်ပြောဆိုထားသည်။ ထို့အပြင် ထိုကဲ့သို့လုပ်ကြံသတ်ဖြတ်ခံရမှုအား ပြင်းထန်စွာရှုတ်ချကြောင်းလည်း ထုတ်ပြန်ချက်၌ဖော်ပြထားသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကိုယ်စားပြု၍ ရှမ်းပြည်နယ်တွင် အမျိုးသားလွှတ်တော်အတွက် ရွေးချယ်ခံရသူ၏ သတ်ဖြတ်ခံရမှုဖြစ်စဉ်၌ တာဝန်ရှိသူများကို ဥပဒေအရ အရေးယူဖြေရှင်းရန်လည်း ပြင်သစ်သံအမတ်ကြီးဖြစ်သူ Mr. Christian Lechervy က ထုတ်ပြန်ချက်၌ ပြောဆိုထားသည်။

ဦးထိုက်ဇော်သည် နိုဝင်ဘာ ၂၁ ရက်က၎င်း၏နေအိမ်၌ပင် သေနတ်သမား၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်။၎င်းသေဆုံးမှုနှင့်ပတ်သက်၍ အကြမ်းဖက်လုပ်ရပ်သာဖြစ်ကြောင်းနှင့် ကျူးလွန်သူများအားဥပဒေအရအရေးယူနိုင်ရေးအတွက် ပြည်တွင်းရှိပါတီနှင့် အဖွဲ့အစည်းအသီးသီးက ထုတ်ပြန်တောင်းဆိုထားမှုများရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး