နယူးယော့ခ်က Prada ရဲ့ ကြော်ငြာဆိုင်းဘုတ်မှာ ပါဝင်ခွင့်ရခဲ့တဲ့ Chanyeol
Prada ရဲ့ “Linea Tossa collection” အတွက် မော်ဒယ်လ်အဖြစ်ရွေးချယ်ထားတဲ့အနုပညာရှင်စာရင်းမှာ တောင်ကိုရီးယားအဆိုတော် Chanyeol လည်း ပါဝင်ခဲ့ပြီး အခုဆိုရင် Prada ရဲ့ ကြော်ငြာဆိုင်းဘုတ်တွေမှာပါ Chanyeol ရဲ့ ပုံရိပ်တွေကို တွေ့မြင်နေရပြီဖြစ်ပါတယ်။
လတ်တလောနာမည်အကြီးဆုံးဖြစ်နေတဲ့ Chanyeol ရဲ့ ကြော်ငြာဆိုင်းဘုတ်ကတော့ ဖက်ရှင်မြို့ကြီးတစ်မြို့လို့ခေါ်ဆိုနိုင်တဲ့ နယူးယော့ခ်မြို့နားက ဆိုဟိုပြည်နယ်မှာပဲ ဖြစ်ပါတယ်။
အဲ့ဒီ့နေရာဟာ အခုဆိုရင် ဓာတ်ပုံလာရိုက်သူတွေနဲ့ စည်ကားနေတာလည်းဖြစ်ပါတယ်။
Chanyeol ရဲ့ ပရိသတ်တွေကလည်း အခုလိုကမ္ဘာကျော်မော်ဒယ်လ်တွေနဲ့ ရင်ပေါင်တန်းပြီး ဘေလ်ဘုတ်မှာပါဝင်ခွင့်ရခဲ့တဲ့ Chanyeol အတွက် ဂုဏ်ယူမဆုံးဖြစ်နေကြပါတယ်။
















