ENHYPEN ရဲ့ ပွဲဦးထွက်အခွေ အချပ်ရေသုံးသိန်းကျော်ရောင်းချထားရ
အမျိုးသားအဖွဲ့ဝင် ၇ ယောက်နဲ့ဖွဲ့စည်းထားတဲ့ ENHYPEN ကတော့ သူတို့ရဲ့ပွဲဦးထွက်အခွေအတွက် ပြင်ဆင်မှု တွေပြုလုပ်နေပါတယ်။
နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ENHYPEN ရဲ့ ပထမဆုံးမီနီအယ်လ်ဘမ် “BORDER: DAY ONE” ထွက်ရှိ လာမှာဖြစ်ပါတယ်။
အခွေကြိုတင်မှာယူမှုလက်ခံခဲ့တဲ့နေ့ကစပြီး ၂၁ ရက်အတွင်းမှာ အခွေပေါင်း သုံးသိန်းကျော်ရောင်းချခဲ့တယ်လို့ BRLIFT က ကြေညာခဲ့ပါတယ်။
ENHYPEN အဖွဲ့ဟာ reality show တစ်ခု ဖြစ်တဲ့ I-Land ကနေတက်လာခဲ့တာဖြစ်ပြီး Heeseung, Jay, Jake, Sunghoon, Sunoo, Jungwon နဲ့ Ni-ki စတဲ့ အဖွဲ့ဝင် ၇ ယောက်နဲ့ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်။
















