၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ “Star Wars: The Last Jedi” ရုပ်ရှင်မှာ Rose Tico အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Kelly Marie Tran ကို သရုပ်ဆောင် မကောင်းဘူးဆိုပြီး ပရိသတ်တွေကဆိုးရွားစွာ ဝေဖန်ပြစ်တင်ခဲ့ပြီး တချို့ ဆိုရင် သူမပါဝင်သရုပ် ဆောင်ထားတဲ့ ဇာတ်ဝင်ခန်းတွေကိုဖျက်ပေးဖို့ပါ တောင်းဆိုခဲ့ကြပါတယ်။
ဆိုရှယ် မီဒီယာပေါ်မှာလည်း အရေး မပါတဲ့ဇာတ်ကောင်ဆိုပြီး ဝေဖန်တိုက်ခိုက်ခဲ့တာကြောင့် Kelly Marie Tran ဟာ အင်စတာဂရမ်အကောင့်ကို ဖျက်သိမ်းလိုက်ရတဲ့အထိဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကအင်တာဗျူးတစ်ခုမှာ တော့ Kelly Marie Tran က အဲ့ဒီ့တုန်းကအချိန်အခိုက်အတန့်ဟာ သူမဘဝအတွက်အပင်ပန်းရဆုံးအချိန် ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။
အခုတော့နှစ်တွေလည်းကြာလာတာကြောင့် ဘာမှထပ်မစဉ်းစားချင်ပဲ ကိုယ်လုပ်ရ မယ့်အလုပ်ကိုသာ အာရုံစိုက်ပြီးလုပ်နေတယ်လို့ အသက် ၃၁ နှစ်အရွယ် Kelly Marie Tran က ပြောခဲ့ပါတယ်။
သူမကို ဆိုရှယ်မီဒီယာပေါ်ကနေတိုက်ခိုက်တာတွေကို ကျော်လွှားနိုင်ခဲ့ပေမယ့် ဆိုရှယ်မီဒီယာကိုပြန်သုံးဖို့ အစီအစဉ်တော့ မရှိသေးဘူးလို့လည်း Kelly Marie Tran က ပြောကြားခဲ့ပါတယ်။
















