“Black Panther 2” က ဗီလိန်ဇာတ်ကောင်အတွက် Tenoch Huerta နဲ့ ဆွေးနွေးနေ

“Black Panther 2” က ဗီလိန်ဇာတ်ကောင်အတွက် Tenoch Huerta နဲ့ ဆွေးနွေးနေ

“Black Panther 2” ရုပ်ရှင်ရိုက်ကူးရေးကို နောက်လထဲမှာစတင်တော့မယ်လို့သိရပါတယ်။

“Black Panther 2” ထဲမှာ ဗီလိန်ဇာတ်ကောင်အသစ်ကို ထည့်သွင်းထားပြီး အဲဒီ့နေရာမှာသရုပ်ဆောင်ဖို့ မင်းသား Tenoch Huerta နဲ့ ဆွေးနွေးနေတယ်လို့သတင်းတွေထွက်နေပါတယ်။

ဘယ်ဇာတ်ကောင်ဖြစ်မလဲဆိုတာမသိသေးပေ မယ့် Atlantean King Namor ဖြစ်ဖို့များတယ်လို့ ခန့်မှန်းရပါတယ်။

“Black Panther 2” ကို ဒါရိုက်တာ Ryan Coogler ကပဲ ရိုက်ကူးပေးမှာဖြစ်ပါတယ်။

ရုံတင်ပြသမယ့်ရက်ကိုလည်း အရင်အတိုင်းပဲ ၂၀၂၂ ခုနှစ် မေလမှာ ပြသဖို့စီစဉ်ထားပေမယ့် အဓိကဇာတ်ကောင် Black Panther နေရာအတွက်တော့ အခုအထိဘယ်သူ့ကိုမှ အတည်ပြုရွေးချယ်ထား ခြင်းမရှိသေးပါဘူး။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး