တံတားဦးမြိုန့ယ်ရှိ ပဲမြစ်များအထွက်တိုး၍ စျေးကွက်အသီးသီးသို့ တင်ပို့လျှက်ရှိ

တံတားဦးမြိုန့ယ်ရှိ ပဲမြစ်များအထွက်တိုး၍ စျေးကွက်အသီးသီးသို့ တင်ပို့လျှက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်အတွင်းရှိ ကျေးရွာများမှ ယခုကဲ့သို့ ဆောင်းရာသီကာလတွင် ရာသီစာဖြစ်သည့် ပဲမြစ်များလှိုင်လှိုင်ထွက်ရှိလာရာ မန္တလေး-တံတားဦး-မြင်းခြံကားလမ်းမကြီးဘေးဝဲယာ၌ ပဲမြစ်ရောင်းချသူများဖြင့် စည် ကားများပြားလျက်ရှိပြီး မြန်မာနိုင်ငံဒေသအသီးသီးသို့ တင်ပို့ရောင်းချပေးနေကြောင်း သိရသည်။

လက်ရှိဈေးကွက်အတွင်း တံတားဦးမြို့အနောက်ဘက်၊ မြင်းသည်ရွာနှင့်သူငယ်တော်ရွာအကြားရှိ မြို့သာအသွားကားလမ်းမဘေးရှိ မကျီးတောရွာမှ ထွက်ရှိသည့် ပဲမြစ်များသည် စားသုံးသူများအကြိုက်ဆုံးဖြစ်၍ ရောင်းပန်းလှလျက်ရှိကာ ယခုနှစ်ရာသီကာလအတွင်း အဖွင့်ဈေးကောင်းရရှိသောကြောင့် ပဲမြစ်စိုက်တောင်သူများနှင့် ဒိုင်များအတွက် အကျိုးအမြတ်ပိုမိုရရှိနေခြင်းဖြစ်သည်။

" ပဲ မြစ်က အခုချိန်မှာပေါ်ဦးပေါ်ဖျားဆိုတော့ အမြင်သိပ်မလှသေးပေမယ့် အနယ်နယ်အရပ်ရပ်ကနေ မှာယူမှုတွေများပြားနေ တဲ့အတွက် မန္တလေးမြို့ကနေ ထွက်တဲ့ ကားဂိတ်ရှိရာမြို့တိုင်းကို နေ့တိုင်း အလုံးအရင်းတင်ပို့ပေးနေရတဲ့အထိ ရောင်းအား ကောင်းနေတာပါ။ ကိုဗစ်ကာလဆိုတော့ အရင်နှစ်တွေတုန်းကလို အဝေးပြေးခရီးသည်တင်ကားတွေရဲ့ဝယ်ယူမှုတွေမရှိ ပေမယ့် အွန်လိုင်းကနေ ရောင်းချပေးတဲ့အခါ မှာယူမှုတွေရှိတာကြောင့် အဆင်ပြေမှုရှိပြီး ဈေးနှုန်းကတော့ အရွယ်အစားနဲ့ အရည်အသွေးပေါ်မူတည်ပြီးတော့ ကွာခြားပါတယ်။ ပဲမြစ်ကိုရေသွင်းစိုက်ပျိုးကြရာမှာ နုန်းမြေ၊ သဲမြေနဲ့ မြေစီးပေါ်မူတည် ပြီးတော့မှ အရသာကွာခြားသွားကြတာပါ။ မကျီးတောပဲမြစ်ကတော့ အရသာကစီးပိုင်သလို အူတံ(ပဲမြစ်အတွင်းကအမျှင်) သေးတဲ့အတွက် လူကြိုက်ပိုများရခြင်းဖြစ်ပါတယ်။ ပဲမြစ်မျိုးစေ့တတင်းကို ငွေကျပ်တသိန်းကျော်ပေးနဲ့ စိုက်ပျိုးခဲ့ကြရာမှာ တဧကကို ပဲမြစ်ပိသာ ၁၅၀ဝ ကနေ ပိသာ၂၀၀ဝ အထိထွက်ရှိတာကြောင့် အခုလိုကာလမှာ စိုက်ပျိုးသူတွေရော၊ ပဲမြစ်အငှား တူးသူတွေပါ နေ့စဉ်ဝင်ငွေရရှိနေကြပါတယ်" ဟု တံတားဦးမြို့၊ ဧရာဝတီ ပဲမြစ်ရောင်းဝယ်ရေးလုပ်ငန်းမှ ကိုနေဝင်းကပြော ကြားသည်။

မြန်မာနိုင်ငံတွင် ပဲမြစ်ကို ဇူလိုင်လတွင်စတင်စိုက်ပျိုးလေ့ရှိ၍ တံတားဦးမြို့နယ်ရှိ စကားအင်း၊ ပင်းယ၊ မြေ တော်၊ ကူးတို့ဆိပ်ရွာများက ယာမြေများမှ အစောဆုံးထွက်ရှိတတ်ပြီး အရသာကောင်းမွန်မှုကြောင့် လူကြိုက်များရခြင်းဖြစ် ကာ ဆောင်းတွင်းအစားအစာတခုဖြစ်သည်။ လက်ရှိဈေးကွက်အတွင်း ဝယ်လိုအားကောင်းနေသည့် မကျီးတောပဲမြစ်ဈေး နှုန်းမှာ ထိပ်စ တပိသာလျှင် ငွေကျပ်၃၀၀၀၊ အလတ်စ တပိသာလျှင် ငွေကျပ်၂၅၀ဝပေါက်ဈေးရှိနေရာ ယခုလို ပေါ်ဦးပေါ် ဖျားကာလတွင် မိတ္ထီလာ၊ တောင်ကြီး၊ မုံရွာ၊ မော်လမြိုင်စသည့် မြို့ကြီးများရှိ ပွဲရုံများသို့ ပိသာချိန်သိန်းချီတင်ပို့ရောင်းချ ကြရကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး