အာဏာလွှဲပြောင်းပေးရန်အတွက် ထရမ့် အစိုးရအဖွဲ့ စတင်ဆောင်ရွက်

အာဏာလွှဲပြောင်းပေးရန်အတွက် ထရမ့် အစိုးရအဖွဲ့ စတင်ဆောင်ရွက်

ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ဂျိုးဘိုင်ဒင်ထံ အာဏာလွှဲပြောင်း ရေးကိစ္စရပ်များ လုပ်ဆောင်ရန်အတွက် လက်ရှိသမ္မတ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့က နိုဝင်ဘာ ၂၃ ရက်၌ ခွင့်ပြုပေးခဲ့ပြီဖြစ်ကြောင်း သိရသည်။ အာဏာလွှဲပြောင်းရေးလုပ်ငန်းစဉ်များအတွက် အစည်းအဝေးများ ဆောင် ရွက်ခြင်းနှင့် ရန်ပုံငွေအသုံးပြုခြင်းတို့ကို ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ 

နိုဝင်ဘာ ၃ ရက်နေ့၌ ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် မဲမသမာမှု များရှိကြောင်း အထောက်အထားမရှိဘဲ စွပ်စွဲကာ ထရမ့်က တရားဥပဒေ ကြောင်းအရ ရင်ဆိုင်နေသည်။

သို့သော် နိုဝင်ဘာ ၂၃ ရက်နေ့တွင် ၎င်း၏ အစိုးရအဖွဲ့ ထုတ်ပြန်ချက်အရ ဂျိုးဘိုင်ဒင်အား ရွေးကောက်ပွဲ အောင်နိုင်သူအဖြစ် အသိအမှတ်ပြု ဝန်ခံလိုက်ခြင်းဖြစ်သည်။

ဂျိုးဘိုင်ဒင်အနေဖြင့် အာဏာလွှဲပြောင်း ရေးဆိုင်ရာ ကိစ္စရပ်များကို နိုဝင်ဘာ ၂၃ ရက်မှ စတင်ပြီး တရားဝင် ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ထရမ့် အစိုးရအဖွဲ့ တာဝန်ရှိသူများက ထုတ်ပြန်ကြေညာခဲ့သည်။

ဘိုင်ဒင်အား တရားဥပဒေကြောင်းအရ စွဲဆိုထားသော အချက်အလက်များကို သိရှိခွင့်ရ မည်ဖြစ်သည်။

ရွေးကောက်ပွဲအား အဆုံးအဖြတ်ပေးနိုင်သည့် အဓိက ပြည်နယ်တစ်ခု ဖြစ်သော မီရှီဂန်ပြည်နယ်၌ ဘိုင်ဒင်အနိုင်ရကြောင်း ရွေးကောက်ပွဲအရာရှိ များက တရားဝင်ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် ထရမ့်အစိုးရအဖွဲ့က ယခုကြေညာချက်အား ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

သို့သော် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး တရားဥပဒေကြောင်းအရ လုပ် ဆောင်နေမှုများအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထရမ့်က တွစ်တာမှတစ်ဆင့် ပြောကြားခဲ့သည်။

ထရမ့်အစိုးရ၏ ထုတ်ပြန်ချက်အရ ဂျိုးဘိုင်ဒင်သည် COVID-19 တိုက် ဖျက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များအတွက် အစိုးရအဖွဲ့ဝင်များနှင့် တရားဝင် စတင်ပူးပေါင်းဆောင်ရွက်ခွင့်ရမည်ဖြစ်ပြီး အမျိုးသားလုံခြုံရေးကိစ္စရပ်များကို လည်း ဆွေးနွေးခွင့်ရမည်ဖြစ်သည်။

ထို့အပြင် ဘိုင်ဒင်အနေဖြင့် အာဏာလွှဲ ပြောင်းရယူမည့် ဇန်နဝါရီ ၂၀ ရက်မတိုင်ခင်တွင် ပြည်ထောင်စု အစိုးရထံမှ ရန်ပုံငွေ ထုတ်ယူသုံးစွဲခွင့် ရရှိမည်ဖြစ်သည်။

ဘိုင်ဒင်နှင့် ဒုတိယသမ္မတလောင်း ကမလာဟားရစ်တို့သည် လက်ရှိ သမ္မတ ဒေါ်နယ်ထရမ့် လုပ်ဆောင်နေသည့် သတင်းစာရှင်းလင်းပွဲများအ တိုင်း လုံခြုံရေးအစောင့်အရှောက်များ ခံစားခွင့် ရရှိမည်ဖြစ်သည်။