COVID-19 ကာကွယ်ဆေး တိုးတက်ဖြစ်ထွန်းမှုများနှင့် ကျန်းမာရေး အာဏာပိုင်များ၏ ခွင့်ပြုချက်များ ရရှိတော့မည်ဖြစ်သောကြောင့် လာမည့် ဒီဇင်ဘာလ အလယ်ပိုင်း၌ ဂျာမနီတွင် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းစဉ် များကို ဆောင်ရွက်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ယန်းစပန်းက နို ဝင်ဘာ ၂၃ ရက်၌ ပြောကြားခဲ့သည်။
ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းစဉ်များကို ဒီဇင်ဘာနှောင်းပိုင်းသို့မ ဟုတ် ၂၀၂၁ ခုနှစ်အစောပိုင်း၌ ဂျာမနီတွင် ထိရောက်စွာ ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း ယန်းစပန်းက ယုံကြည်နေသည်။
‘’ကာကွယ်ဆေး ထိုးပေးဖို့ အဆင်သင့်ဖြစ်နေဖို့အတွက် ကာကွယ် ဆေးထိုးနှံရေးဌာနတစ်ခု တည်ဆောက်ဖို့ ကျွန်တော်ဆန္ဒရှိပါတယ်။ လာမယ့် ရက်တွေအတွင်းမှာ အကောင်အထည်မဖော်နိုင်ရင် ကာကွယ်ဆေး ရရှိလာ တဲ့အခါ ချက်ချင်း အသုံးပြုလို့ရနိုင်မှာ မဟုတ်ဘူး’’ ဟု ယန်းစပန်းက ပြော ကြားခဲ့သည်။
အမေရိကန် ဆေးဝါးကုမ္ပဏီ Pfizer နှင့် မိတ်ဖက်ဖြစ်သော ဂျာမနီ ဆေးဝါးကုမ္ပဏီ BioNTech တို့သည် ၎င်းတို့၏ ကာကွယ်ဆေးအား အသုံးပြု ခွင့်ရရှိရန်အတွက် အမေရိကန် FDA သို့ လျှောက်ထားခဲ့ပြီးဖြစ်သည်။
ထို့ အပြင် သက်ဆိုင်ရာအာဏာပိုင်များကလည်း ယင်းကာကွယ်ဆေးအတွက် လာမည့် ဒီဇင်ဘာ အစောပိုင်း၌ အတည်ပြုချက် ချမှတ်ပေးသွားဖွယ်ရှိနေ သည်။ ထို့ကြောင့် ဂျာမနီအနေဖြင့် အတည်ပြုချက်ရရှိခဲ့ပါက ဒီဇင်ဘာ အလယ်ပိုင်း၌ ကာကွယ်ဆေးကို စတင်အသုံးပြုခွင့်ရရှိမည်ဖြစ်ကြောင်း ယန်း စပန်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဂျာမနီအစိုးရသည် COVID-19 ကာကွယ်ဆေး ရရှိရန်အတွက် အထူး ရန်ပုံငွေတစ်ရပ်အဖြစ် ဒေါ်လာ ၈၉၂ ဒသမ ၅ သန်း သုံးစွဲထားကာ BioNTech နှင့် CureVac ကုမ္ပဏီတို့ထံမှ ကာကွယ်ဆေးများကို မှာယူထား ပြီးဖြစ်သည်။
ထို့အပြင် ဂျာမနီပြည်တွင်းဆေးဝါးကုမ္ပဏီ IDT Biologiaka မှ ထုတ် လုပ်သော COVID-19 ကာကွယ်ဆေးကိုလည်း ၂၀၂၁ ခုနှစ် အကုန်ပိုင်းတွင် ရရှိနိုင်မည်ဟု မျှော်လင့်ကြောင်း ဝန်ကြီးက ပြောဆိုခဲ့သည်။

















