ချင်းပြည်နယ်အတွင်းရှိ ကျေးရွာကြီး ၁၁ ရွာအား ငါးနှစ်အတွင်း မြို့အဆင့်တိုးမြှင့်ထား

ချင်းပြည်နယ်အတွင်းရှိ ကျေးရွာကြီး ၁၁ ရွာအား ငါးနှစ်အတွင်း မြို့အဆင့်တိုးမြှင့်ထား

ချင်းပြည်နယ်အတွင်းရှိ မြို့နယ်ကိုးမြို့နယ်မှ ကျေးရွာကြီး ၁၁ ရွာအား ငါးနှစ်တာကာလအတွင်း မြို့အဆင့် တိုးမြှင့်ဆောင်ရွက်ထားကြောင်း ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

''ဒေသတွင်းမှာ တစ်နှစ်ထက်တစ်နှစ် တိုးပွားလာနေတဲ့လူနေအိမ်ခြေတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ၊တိုးတက်ရရှိနိုင်ဖို့ ချင်းပြည်နယ်အတွင်းက ကျေးရွာကြီးတွေကိုမြို့အဆင့်တိုးမြ§င့်သတ်မှတ်ပေးတာဖြစ်ပါတယ်။ အခု ငါးနှစ်တာကာလအတွင်းမှာ ကျေးရွာကြီး(၁၁)ရွာကို မြို့အဖြစ်သတ်မှတ်ပေးခဲ့ပြီး မြို့အင်္ဂါရပ်နဲ့အညီ တိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုဆောင်ရွက်နေပါတယ်''ဟု ၎င်းကပြောသည်။

ချင်းပြည်နယ်အတွင်း၂ဝ၁၅ ခုနှစ်နောက်ပိုင်း တွန်းဇံမြို့နယ်တွင် ကျီခါးမြို့၊ တီးတိန်မြို့နယ်တွင်ခိုင်ကမ်းမြို့၊ ဖလမ်းမြို့နယ်တွင် ရိဒ်ခေါဒါးရ်မြို့၊ ဝေဘူလမြို့၊ ဟားခါးမြို့နယ်တွင် ဆူရ်ခွားမြို့၊ ထန်တလန်မြို့နယ်တွင် နာဟရိန်မြို့၊မတူပီမြို့နယ်တွင် ရေဇွာမြို့၊ လိုင်လင်းပီမြို့၊ ကန်ပက်လက်မြို့နယ်တွင် ကျင်ဒွေးမြို့၊ မင်းတပ်မြို့နယ်တွင် မကွီးအိမ်နူးမြို့၊ပလက်၀ မြို့နယ်တွင် ဆမီးမြို့တို့ကို မြို့အဆင့်တိုးမြှင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

''ချင်းပြည်နယ်မှာ မြို့အဆင့် တိုးမြှင့်ဖို့ပြင်ဆင်ခဲ့တာဆိုရင် ၂ဝဝ၂ ခုနှစ်ကတည်းက ဖြစ်ပါတယ်။ တိုးတက်ဖွံ့ဖြိုးလာခဲ့တာကတော့ အခု ဒီဘက်ငါးနှစ်ကာလမှာပါ။ ချင်းပြည်နယ်မှာ ခရိုင်သုံးခုနှင့် ဖွဲ့စည်းထားပါတယ်။ ဖလမ်းခရိုင်၊ဟားခါးခရိုင်၊ မင်းတပ်ခရိုင်ဆိုပြီး ဖွဲ့စည်းပါတယ်။ ရိဒ်ခေါဒါးရ်၊ ကျီခါး၊ ရေဇွာ၊ ဆမီးမြို့တွေကတော့ လမ်းပန်းဆက်သွယ်ရေး အတော်အတန်ကောင်းမွန်တဲ့အတွက် ဖွံ့ဖြိုးမှုမြန်ဆန်ပါတယ်။ လူနေအိမ်ခြေလည်း များတယ်။ ခိုင်ကမ်း၊လိုင်လင်းပီမြို့တွေကတော့ ၂ဝ၁၆ ကျော်မှ မြို့ပြအဆောက်အဦတွေဆောက်လုပ်ရပြီး ဝေဘူလ၊ ဆူရ်ခွါ၊ နှာဟရိန်၊ကျင်ဒွေး၊ မကွီအိမ်နူးမြို့တွေကတော့ ၂ဝ၁၉ ခုနှစ်ရောက်မှလုပ်ကိုင်ပြုပြင်ရတဲ့မြို့တွေဖြစ်ပါတယ်''ဟု ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး