ဒီဇင်ဘာလမှာ တစ်ကိုယ်တော်အခွေထွက်ဖို့ရှိတဲ့ Taeyeon
Girls’ Generation အဖွဲ့ဝင် Taeyeon ဟာ ဒီဇင်ဘာလထဲမှာ တစ်ကိုယ်တော်အခွေသစ်ထွက်ဖို့ရှိနေပါတယ်။
လက်ရှိမှာ Taeyeon က အခွေအသစ်အတွက်ပြင်ဆင်နေပြီး ဒီဇင်ဘာလထဲမှာထွက်နိုင်ဖို့ရည်ရွယ်ထားတယ်လို့ SM Entertainment က အတည်ပြုထုတ်ပြန်ပေးခဲ့ပါတယ်။
ဒီအခွေဟာ ပြီးခဲ့တဲ့မေလတုန်းကထွက်ခဲ့တဲ့ “Happy” သီချင်းအသစ်နောက်ပိုင်း Taeyeon ရဲ့ ပထမဆုံး comeback လည်း ဖြစ်ပါတယ်။
Taeyeon ဟာ ၁၉၈၉ ခုနှစ်မှာ မွေးဖွားခဲ့တာကြောင့် အခုဆိုရင် အသက် ၃၁ နှစ်ရှိပြီဖြစ်ပြီး ၂၀၀၇ ခုနှစ်မှာ အနုပညာလောက ထဲကို စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။
















