UP10TION ရဲ့ အဖွဲ့ဝင် Jinhoo က နိုဝင်ဘာလ ၂၃ ရက်နေ့မှာပဲ စစ်မှုထမ်းတာဝန်ထမ်းဆောင်ဖို့ စာရင်းပေး သွင်းလိုက်ပြီဖြစ်ပါတယ်။
Jinhoo ကတော့ စစ်သားတစ်ယောက်အနေနဲ့ပဲ စစ်မှုထမ်းရမယ်လို့သိရပါတယ်။
စစ်မှု ထမ်းသွားရမယ့်အချိန်နဲ့ နေရာအတိအကျကိုထုတ်မပြောနိုင်တာ နားလည်ပေးကြဖို့နဲ့ ကျန်းကျန်းမာမာနဲ့ တာဝန်ကျေပွန်စွာထမ်းဆောင်နိုင်ဖို့ကို ပရိသတ်တွေကဆုတောင်းပေးကြဖို့လည်း အေဂျင်စီကမေတ္တာရပ်ခံခဲ့ပါ တယ်။
Jinhoo ဟာ ၂၀၁၅ ခုနှစ်မှာ UP10TION ရဲ့ အဖွဲ့ခေါင်းဆောင်အဖြစ် စတင်ပွဲဦးထွက်ခဲ့ပါတယ်။ ဒီနှစ် ဧပြီလတုန်းက Jinhoo ရဲ့ ကျန်းမာရေးအခြေအနေကြောင့် အနုပညာအလုပ်တွေကနေ ခေတ္တအနားယူမှာဖြစ် တယ်လို့ TOP Media က ကြေညာခဲ့ပါတယ်။
UP10TION အဖွဲ့ဟာ မကြာသေးခင်ကပဲ နဝမမြောက်မီနီ အယ်လ်ဘမ် “Light UP” ကို ထွက်ရှိထားတာဖြစ်ပါတယ်။
















