Bella Ranee ရဲ့ ရုပ်ရှင်သစ် ပထမဆုံးနေ့မှာတင် ဝင်ငွေကောင်းရရှိနေ

Bella Ranee ရဲ့ ရုပ်ရှင်သစ် ပထမဆုံးနေ့မှာတင် ဝင်ငွေကောင်းရရှိနေ

Bella Ranee ရဲ့ ရုပ်ရှင်အသစ် “E-Riam Sing” ဟာ ထိုင်းနိုင်ငံမှာစတင်ပြသတဲ့နေ့မှာပဲ box office မှာ ထိုင်း ဘတ်ငွေ ၁၂ သန်းရရှိခဲ့ပါတယ်။

“E-Riam Sing” ရုပ်ရှင်က ဟာသဇာတ်မြူးကားဖြစ်ပြီး ဇာတ်လမ်းဇာတ်အိမ် ခိုင်မာကာ ပါဝင်ထားတဲ့အနုပညာရှင်တွေကလည်း သရုပ်ဆောင်ကောင်းတယ်ဆိုတဲ့ မှတ်ချက်ကောင်းတွေကို ကြည့်ရှုပြီးတဲ့ပရိသတ်တွေဆီကနေ ရရှိနေတာလည်းဖြစ်ပါတယ်။

မင်းသမီး Bella Ranee ကတော့ စိန်ခေါ်မှု တစ်ရပ်အနေနဲ့ ဒီဇာတ်ကားမှာ သူူမတစ်ခါမှသရုပ်မဆောင်ဖူးတဲ့ဇာတ်ကောင်စရိုက်ကို သရုပ်ဆောင်ထားပါ တယ်။

Bella Ranee နဲ့အတူ Pat Napapa, Oat Pramote, Kom Chaunchen နဲ့ တခြားသရုပ်ဆောင်တွေ လည်း “E-Riam Sing” မှာ ပါဝင်ထားကြပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး