ကွာရှင်းကြတော့မယ့် Lena Waithe တို့ ဇနီးမောင်နှံ

ကွာရှင်းကြတော့မယ့် Lena Waithe တို့ ဇနီးမောင်နှံ

Lena Waithe ရဲ့ ဇနီးဖြစ်သူ Alana Mayo က လက်ထပ်ပြီးတစ်နှစ်အကြာမှာ ကွာရှင်းခွင့်တောင်းခဲ့ပါတယ်။

Emmy ဆုရှင် Lena Waithe က လက်ထပ်ပြီးနှစ်လအကြာမှာ ခွဲနေခဲ့ကြတယ်လို့ ဇန်နဝါရီလမှာကြေညာခဲ့ပါ တယ်။

Waithe နဲ့ Mayo တို့ဟာ ချစ်သူသက်တမ်းသုံးနှစ်ကျော် အကြာ ၂၀၁၇ ခုနှစ် Thanksgiving နေ့မှာ တိုကျိုမြို့မှာစေ့စပ်ခဲ့ကြပါတယ်။

နောက်ပိုင်းမှာတော့ ဆန်ဖရန်စစ္စကိုမှာ တိတ်တိတ်လေးလက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။

အခုလိုမျိုးဆုံးဖြတ်ချက်ချနိုင်ဖို့ နှစ်ယောက်လုံးအချိန်ယူစဉ်းစားခဲ့ရပြီး ရှေ့ဆက်ပြီးတော့လည်း တစ်ယောက်နဲ့တစ် ယောက် အကူအညီပေးသွားကြမယ်လို့ဆိုပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး