“Guardians of the Galaxy 3” ကို ၂၀၂၁ ခုနှစ်မှာ စတင်ရိုက်ကူးမည်

“Guardians of the Galaxy 3” ကို ၂၀၂၁ ခုနှစ်မှာ စတင်ရိုက်ကူးမည်

Marvel Studio ရဲ့ “Guardians of the Galaxy 3” ကို ၂၀၂၁ ခုနှစ်မှာ စတင်ရိုက်ကူးသွားမယ်လို့ သိရပါ တယ်။

James Gunn နဲ့ Marvel Studio တို့ကြားက ပြဿနာတွေပြေလည်မှုရရှိသွားပြီးနောက်ပိုင်းမှာ “Guardians of the Galaxy 3” ကို သူကိုယ်တိုင် ဇာတ်ညွှန်းရေးသားပြီး ဒါရိုက်တာအဖြစ်ပါရိုက်ကူးပေးမှာ ဖြစ်ပါတယ်။

“Guardians of the Galaxy 3” ထဲမှာလည်း အရင်သရုပ်ဆောင်တွေပဲဖြစ်တဲ့ Chris Hemsworth, Vin Diesel, Bradley Cooper, Dave Bautista, Sean Gunn, Zoe Saldana, Mark Hamill နဲ့ Karen Gillan တို့ ပါဝင်လာမှာပါ။

“Guardians of the Galaxy 1” က ၂၀၁၄ ခုနှစ်ကထွက်ရှိခဲ့ပြီး “Guardians of the Galaxy 2” ကတော့ ၂၀၁၇ ခုနှစ်မှာထွက်ရှိထားပါတယ်။

“Guardians of the Galaxy 3” ထွက်မယ့် ရက်အတိအကျကိုတော့ ထုတ်ပြန်ကြေညာထားခြင်းမရှိသေးပါဘူး။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး