မြန်မာနိုင်ငံရဲ့ ယုံကြည်စိတ်ချရဆုံး ဒီဂျစ်တယ်ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ MPT Money က ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၉ ရက်ကစပြီး လုပ်ငန်းဆောင်ရွက်မှုတွေအားလုံးမှာ “MPT Pay” အမည်သစ်နဲ့ ပြောင်းလဲ ပြီး အသုံးပြု ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
MPT Pay ဆိုတာ ငွေသွင်း ငွေထုတ်ဝန်ဆောင်မှု၊ မီတာဘေလ်ပေးချေမှု၊ ဈေးဝယ် ငွေပေးချေနိုင်မှု၊ ပင်စင် လစာဝန်ဆောင်မှု၊ MPT နဲ့ အခြား အော်ပရေတာတွေရဲ့ ဆင်းမ်ကတ်အသုံးပြုမှုအတွက် ဖုန်းဘေလ် ဖြည့်မှုနဲ့ အင်တာနက်ပက်ကေ့ချ်တွေ ဝယ်ယူမှု၊ ငွေတောင်းခံလွှာတွေကို ပေးချေမှု အစရှိတဲ့ ဝန်ဆောင်မှုတွေ အားလုံးကို တစ်နေရာတည်းကနေ အလွယ်တကူ အသုံးပြုနိုင်တဲ့ Application ဖြစ်ပါတယ်။
မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှုကိုအသုံးပြုတဲ့ သုံးစွဲသူတွေအနေနဲ့ ကိုယ့်ရဲ့ Mobile Wallet ထဲကို အလွယ်တကူငွေဖြည့်သွင်းဖို့အတွက်ဆိုရင်တော့ MPT Pay Application ကို အသုံးပြု လို့ရပါတယ်။ ကိုယ့်ဖုန်းထဲမှာ MPT Pay Application ရှိပြီဆိုရင် ကိုယ့်ရဲ့ Mobile Wallet ထဲကို အနီး အနားမှာရှိတဲ့ NearMe ဆိုင်တွေကနေတစ်ဆင့် ငွေဖြည့်သွင်းလို့ ရနိုင်သလို ဘဏ်ကတ်တွေကနေ တစ်ဆင့် အလွယ်တကူ ငွေဖြည့်သွင်းနိုင်တဲ့ ဝန်ဆောင်မှုကို အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကာလမှာ မိမိကိုယ်ကို လုံခြုံစိတ်ချရမှုရှိရေးနဲ့ အဆင်ပြေလွယ်ကူရေးဟာ အဓိက ဦးစားပေးဖြစ်ပါတယ်။ ဒါကြောင့် MPT Pay ရဲ့ လွယ်ကူစွာနဲ့ ငွေဖြည့်သွင်းနိုင်မယ့် ဝန်ဆောင်မှုအသစ်က အကောင်းဆုံး အထောက်အကူပြုစေနိုင်မှာဖြစ်ပါတယ်။
MPT Pay အကောင့်ထဲကို ငွေဖြည့်ချင်ရင် MPU, Visa, MasterCard, JCB, UnionPay ကတ်တွေအသုံးပြုပြီး ငွေဖြည့်သွင်းနိုင်ပြီး အနည်းဆုံး ၅,၀၀၀ ကျပ် ဖြည့်သွင်းရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် NearMe ဆိုင်တွေ အားလုံးမှာလည်း ငွေဖြည့်သွင်းနိုင်အောင် ဆောင်ရွက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ MPT Pay အကောင့်ထဲကို ငွေဖြည့်သွင်းလို့ရနိုင်တဲ့ NearMe ဆိုင်တွေကတော့ City Mart, City Express, Ocean, City Mart Marketplace, Oasis, Amazing Mart, Amazing Mall, Life Plus, RH & RV Mobile, Aeon Orange Super Market, Carrefour Easy နဲ့ Denko ဆီဆိုင်တွေ အပါအဝင် ကိုယ်စားလှယ်ပေါင်း (၅၀၀)ကျော်ကနေ ငွေဖြည့်သွင်းလို့ရနေပါပြီ။ NearMe ဆိုင်တွေကနေ ငွေဖြည့်မယ်ဆိုရင် အနည်းဆုံး ၁၀,၀၀၀ ကျပ်ကနေစပြီး ငွေဖြည့်သွင်းနိုင်ပါတယ်။
NearMe ရဲ့ဆိုင်တွေမှာပဲ ဖြစ်စေ အီလက်ထရောနစ် ငွေပေးချေ စနစ်အဖြစ် ဘဏ်ကတ်တွေကပဲ ဖြစ်စေ မိမိရဲ့ MPT Pay အကောင့်ထဲကို ငွေဖြည့်သွင်းချိန်မှာ ဝန်ဆောင်ခကတော့ အခမဲ့နဲ့ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဒါ့ပေမဲ့ E-commerce စနစ်ကို လျှောက်ထားအသုံးပြုနေတဲ့ MPU ငွေပေးချေကတ်တွေနဲ့သာ MPT Pay အကောင့်ထဲကို ငွေဖြည့် ဝန်ဆောင်မှု ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ MPU ကတ်သုံးစွဲသူတွေ အနေနဲ့ E-commerce ဝန်ဆောင်မှုကို https://www.mpu-ecommerce.com/Payment/OnlineEnrollment/Check မှာ လျှောက်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ ကျန်ကတ်အမျိုးအစားတွေအတွက်ကတော့ E-commerce စနစ်ကို လျှောက်ထားဖို့ မလိုအပ်ပါဘူး။
MPT Pay အသုံးပြုတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ Mobile Wallets အကောင့်ထဲကို ငွေဖြည့်တဲ့ ဝန်ဆောင်မှု ကို AYA, CB နဲ့ အခြားကိုယ်စားလှယ်ဆိုင်တွေမှာလည်းပြုလုပ်နိုင်ပါတယ်။ မိမိဖုန်းထဲမှာ MPT Pay Application ကို Google Play နဲ့ App Store တို့ကနေတစ်ဆင့် ဒေါင်းလုပ်ပြုလုပ် ထည့်သွင်းလိုက်တာနဲ့ ငွေလွှဲ၊ ငွေပေးချေမှု အစရှိတဲ့ ဒီဂျစ်တယ်ငွေကြေး စီမံခန့်ခွဲမှု တွေကို စိတ်တိုင်းကျ အသုံးပြု နေကြပြီဖြစ်ပါတယ်။ MPT Pay ကို ဘယ်အော်ပရေတာရဲ့ကွန်ရက်နဲ့မဆို အသုံးပြုနိုင်ပြီး မြန်မာနိုင်ငံတစ်ဝန်းမှာ ကိုယ်စားလှယ်ပေါင်း ၂၇,၀၀၀ ကျော်နဲ့ မြို့နယ်ပေါင်း ၂၈၀ ကျော်မှာ အသုံးပြုနိုင်ပါတယ်။
MPT Pay ရဲ့ ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ပိုမိုသိရှိလိုတယ်ဆိုရင် ၉၉၀ ကို ဆက်သွယ်ခေါ်ဆိုပြီး ဒါမှမဟုတ် MPT Pay ရဲ့ တရားဝင်ဖေ့စ်ဘုတ်ခ်စာမျက်နှာ ဖြစ်တဲ့ https://www.facebook.com/MPTPayOfficial တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။







