တစ်ရက်ကို ၈၃ ကျပ်နဲ့ စိတ်ကြိုက်သုံးနိုင်မယ့် MPT ရဲ့ စုံစုံလင်လင် Mini ပက်ကေ့ချ်

တစ်ရက်ကို ၈၃ ကျပ်နဲ့ စိတ်ကြိုက်သုံးနိုင်မယ့် MPT ရဲ့ စုံစုံလင်လင် Mini ပက်ကေ့ချ်

နေ့စဉ်အွန်လိုင်းသုံးတတ်တဲ့သူတွေ၊ ဂိမ်းကစားတတ်သူတွေနဲ့ တေးသီချင်းနှစ်သက်သူတွေအတွက် စွယ်စုံအကျိုးခံစားခွင့်တွေ ပါဝင်ပြီး စျေးနှုန်းသက်သာတဲ့ စုံစုံလင်လင် Mini ပက်ကေ့ချ်ကို တစ်ရက်အတွက် ၈၃ ကျပ်နဲ့ စတင်အသုံးပြုနိုင်ဖို့ MPT က မိတ်ဆက်ခဲ့ပါတယ်။

အခုလို တန်ဆောင်တိုင်အားလပ်ရက်တွေနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်းမှာ မိမိတို့ ကြိုက်နှစ်သက်တဲ့ ဒီဂျစ်တယ်လမ်းကြောင်းတွေကတစ်ဆင့် သတင်းအချက်အလက်တွေနဲ့ ဖျော်ဖြေမှုတွေကို သင့်တင့်တဲ့ နှုန်းထားနဲ့ သုံးစွဲချင်ရင်တော့ MPT ရဲ့ 4G/ LTE+ ကွန်ရက်ပေါ်ကနေ စုံစုံလင်လင် Mini ပက်ကေ့ချ်နဲ့ ကို အသုံးပြုနိုင်ဖို့ ညွှန်းလိုက်ပါရစေ။

MPT အသုံးပြုသူတွေအနေနဲ့ Viber ၊ JOOX နဲ့ Mobile Legends ဒေတာတွေကို စိတ်ကြိုက် တစ်နေကုန်အသုံးပြုနိုင်မယ့်အပြင် ညသုံး Facebook ကို ည (၁၁) နာရီက နံနက်(၆)နာရီ အထိ အကန့်အသတ်မရှိ အသုံးပြုနိုင်ခြင်း ၊ အခြားသော အင်တာနက်အသုံးပြုမှု အားလုံးအတွက် 200 MB ဒေတာ ၊ MPT အချင်းချင်း အသင့်တော်ဆုံးနှုန်းထားဖြစ်တဲ့ ၁ မိနစ်ကို ၁၀ ကျပ်နှုန်းနဲ့ ဖုန်းခေါ်ဆိုခွင့် နဲ့ ဖုန်းဘေလ် ၁၀၀ ကျပ် ကိုလည်း ရရှိအသုံးပြုနိုင်မှာဖြစ်ပါတယ်။ စုံစုံလင်လင် Mini ပက်ကေ့ချ် အသစ်က ၂၄၉၈ ကျပ် (တစ်ရက်မှာ ၈၃ကျပ်) သာ ကျသင့်ပြီး အထက်ကဖော်ပြခဲ့တဲ့ ခံစားခွင့်တွေ အားလုံးကို ရက်ပေါင်း (၃၀) အသုံးပြုနိုင်တဲ့ ပက်ကေ့ချ်ဖြစ်ပါတယ်။

စုံစုံလင်လင် Mini ပက်ကေ့ချ်အသစ်ကို ဝယ်ယူပြီဆိုရင်တော့ Facebook အက်ပလီကေးရှင်း/ ဝက်ဘ်ဆိုက်ကတစ်ဆင့် အသုံးပြုခြင်း(ပြင်ပ link များမပါဝင်ပါ) ၊ Facebook Messenger (Voice, Video calls များမပါဝင်) ကို ည (၁၁)နာရီက နံနက် (၆)နာရီအထိ အသုံးပြုနိုင်ခြင်း၊ တစ်နေ့လုံး တစ်ညလုံး Mobile Legends (ဂိမ်းအတွင်း Streaming ပြုလုပ်/ ကြည့်ရှုခြင်း၊ ဂိမ်းအတွင်း ဆက်သွယ်ပြောဆိုခြင်းနှင့် ဂိမ်းကစားခြင်းအတွက်မဟုတ်သည့် အခြား အသုံးပြုမှုများ မပါဝင်) ဂိမ်းကစားနိုင်ခြင်း Viber အသုံးပြုနိုင်ခြင်းနဲ့ JOOX တေးဂီတမှ နောက်ဆုံးပေါ်သီချင်းများကိုလည်း နားဆင်နိုင်ကြမှာပဲ ဖြစ်ပါတယ်။ ခွင့်ပြုထားခြင်းမရှိတဲ့ အသုံးပြုမှုတွေအတွက်ဆိုရင်တော့ ဝယ်ယူထားတဲ့ Data Pack (သို့မဟုတ်) သုံးသလောက်ပေး နှုန်းထားနဲ့ ကောက်ခံသွားမှာပါ။

ဒါ့အပြင် စုံစုံလင်လင် Mini ပက်ကေ့ချ် ဝယ်ယူတိုင်း ထိပေါက်ကစားခွင့် (၁)ကြိမ် ရရှိကံစမ်းနိုင်မှာ ဖြစ်ပါတယ်။ ထိပေါက်ကစားခွင့်ကနေ ဒေတာလက်ဆောင်တွေ ရရှိဖို့ MPT4U အက်ပလီကေးရှင်းကို လိုတရ ဝက်ဘ်ပေါ်တယ် Lotayamm.com ကနေ ဒေတာ ကုန်ကျမှု မရှိဘဲရယူနိုင်ပါတယ်။ ဒါ့အပြင် Google Play Store: http://bit.ly/2z4ZhrJ နဲ့ Apple Store: http://apple.co/2yNZJWY ကနေ အခမဲ့ download ရယူနိုင်ပါတယ်။

အခုလို အထူးပရိုမိုးရှင်းအစီအစဉ်ကို MPT GSM/WCDMA Prepaid (ဆွေသဟာ/ရှယ်ပြော/ရွှေစကား) သုံးစွဲသူတွေ အားလုံးအသုံးပြုနိုင်မှာဖြစ်ပြီး အခွင့်အရေးကောင်းကို လက်လွတ်မခံဖို့ စုံစုံလင်လင် Mini ပက်ကေ့ချ်ကို MPT4U App နဲ့ *2498# ကနေ အမြန်ပဲ ဝယ်ယူလိုက်တော့နော်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်