မြဝတီမြို့ရှိ သတင်းမီဒီယာသမားများအား ခရိုင်အုပ်ချုပ်ရေးမှူး ဂုဏ်ပြုလက်မှတ်ချီးမြှင့်

မြဝတီမြို့ရှိ သတင်းမီဒီယာသမားများအား ခရိုင်အုပ်ချုပ်ရေးမှူး ဂုဏ်ပြုလက်မှတ်ချီးမြှင့်

မြဝတီမြို့၌ သတင်းများရေးသားနေသည့် သတင်းမီဒီယာများအားမြဝတီခရိုင်အုပ်ချုပ်ရေးမှူးမှ အချိန်နှင့်တစ်ပြေးညီသတင်းများရေးသားဖော်ပြပေးနေသည့်အတွက် ဂုဏ်ပြုလက်မှတ်နှင့် ထောက်ပံ့ငွေချီးမြှင့်ပေးအပ်ပွဲအားနိုဝင်ဘာ ၂၆ ရက် နံနက် ၁၁ နာရီအချိန်က မြဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ချီးမြှင့်ပေးခဲ့သည်။

အဆိုပါအခန်းအနားသို့ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ဒု/ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်းနှင့် တာဝန်ရှိသူများ၊ မြန်မာတိုင်းမ် သတင်းထောက် ဦးသက်ဦးနိုင်၊ Eleven သတင်းထောက်ဦးရွှေသိန်း၊ ကရင်သတင်းစဉ်သတင်းထောက်ဦးနေနော်၊ Media Top-4 သတင်းထောက်ဦးဝင်းဇော်နှင့် မြန်မာ့အလင်းကြေးမုံသတင်းထောက်ဦးထွန်းထွန်းဦးတို့ တက်ရောက်ခဲ့ကြသည်။

''ကျွန်တော်တို့ရဲ့ဆောင်ရွက်ချက်တွေကို မြဝတီမြို့ကသတင်းမီဒီယာတွေကနေ့စဉ်နဲ့အမျှ သတင်းတွေကိုအများ ပြည်သူတွေသိအောင်ရေးသားဖော်ပြပေးနေကြပါတယ်။ အဓိကအားဖြင့် ထိုင်းနိုင်ငံကပြန်လာနေကြတဲ့မြန်မာအလုပ်သမားတွေကို ကျွန်တော်တို့ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ နေ့ရောညပါ အပင်ပမ်းခံကြိုဆိုပေးကြပြီး သက်ဆိုင်ရာ Quarantine စင်တာတွေကို ပို့ဆောင်ပေးတာတွေ၊ အဲဒီစခန်းတွေက ရက်ပြည့်လို့ပြန်ကြတဲ့ အလုပ်သမားတွေကို နေရပ်ဒေသကိုအဆင်ပြေချောမွေ့စွာနဲ့ရောက်အောင် စီစဉ်ပေးတာတွေ၊ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီး Mask ကမ်ပိန်းပြုလုပ်တာတွေ စည်ပင်သာယာနဲ့ ကိုဗစ်ရောဂါ ထိန်းချုပ်နိုင်ဖို့ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်း ဆောင်ရွက်တာတွေအပြင် မြဝတီကအများပြည်သူသရှိနိုင်မယ့် သတင်းတွေကိုအချိန်နဲ့ တစ်ပြေးညီရေးသားတင်ပြပေးနေတာကြောင့် အခုလို သတင်းမီဒီယာများကို ဂုဏ်ပြုချီးမြှင့်ပွဲ ပြုလုပ်ပေးတာဖြစ်ပါတယ်'' ဟု မြဝတီခရိုင်အုပ်ချုပ်ရေးမှူးဦးတေဇာအောင်က ပြောသည်။

အဆိုပါအခမ်းအနားတွင် သတင်းမီဒီယာများကိုယ်စား မြန်မာတိုင်းမ်၏သတင်းထောက်လည်းဖြစ်ကာ မြဝတီစာရေးဆရာအသင်းဥက္ကဌဦးသက်ဦး(သက်ဦးနိုင်-မြဝတီ)က တက်ရောက်လာသောသတင်းမီဒီယာများ ကိုယ်စားကျေးဇူးတင်စကားပြန်လည်ပြောကြပေးသည်။ သတင်းမီဒီယာတစ်ဦးချင်းစီအား မြဝတီခရိုင်အုပ်ချုပ်ရေးမှူးမှ ဆန်တစ်အိတ်၊ ငါးသေတ္တာနှစ်ဒါဇင်၊ Mask ဘူးအသေးနှစ်ဖာ၊ လက်ဆေးရည်လေးဘူးစီနှင့်ငွေကျပ် ၅ဝဝဝဝ စီအား ချီးမြှင့်ပေးအပ်ခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး