ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပပြီးစီးသွားသည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် တပ်မတော်သားများ ဆန္ဒမဲပေးခဲ့သည့် မြို့ နယ် ၂၀၀ ကျော်မှ ရွေးကောက်ပွဲ ဖြစ်စဉ်များအား ပြန်လည် စုံစမ်း စီစစ်သွားမည် ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ မှ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
၎င်းက “ယခုလည်း တပ်မတော်သားများ ပြင်ပမဲရုံတွေမှာ မဲပေးခဲ့တဲ့ မြို့နယ် ၂၀၀ ကျော် ရှိပါတယ် အဲ့၂၀၀ ကျော်မှာတော့ ကျွန်တော်တို့က အခြေအနေမှန်များသိနိုင်ရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိပါတယ်။ ဒီစုံစမ်းစစ်ဆေးမှုတွေ က တွေ့ရှိချက်တွေကို ပြောသင့်တဲ့အချိန် ပြောသင့်တဲ့ အကြောင်းအရာ ပြောသင့်တဲ့ အချက်တွေရှိလာရင် အသိပေးပြောကြားသွားမှာဖြစ်ပါတယ်” ဟုပြောသည်။
နိုဝင်ဘာ ၂၇ ရက်နေ့က နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်တွင် ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲအတွင်း အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။
ယင်းအပြင် တပ်မတော်အနေဖြင့် ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ ပါတီချင်းအငြင်းပွားမှုများသည် တပ်မတော် နှင့် သက်ဆိုင်ခြင်းမရှိသော်လည်း တပ်မတော်သားများ မဲပေးခဲ့သည့် မြို့နယ်များသည် တပ်မတော်နှင့် သက်ဆိုင်သည့်အတွက် ယခုကဲ့သို့ စုံစမ်းစစ်ဆေးခြင်းများပြုလုပ်ရခြင်းဖြစ်ကြောင်း ၎င်းက ကဆက်ပြောသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “ တပ်မတော်အနနဲ့က ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးကျ ကျွန်တော်တို့ တွေ့ရှိချက်တွေကို နိုဝင်ဘာ ၂ ရက်နေ့မှာ ပြောခဲ့တာရှိတယ်။ အခုချိန်မှာ အငြင်းပွားနေတဲ့ဟာတွေရှိတယ်။ အငြင်းပွား နေတဲ့ဟာနဲ့ ပတ်သက်ပြီး ပါတီအချင်းချင်း အငြင်းပွားတသည် ကျွန်တော်တို့နဲ့ဒါတော့ သက်ဆိုင်ခြင်းမရှိဘူး” ဟု ပြောသည်။
ယခုကဲ့သို့ တပ်မတော်သားများ မဲပေးခဲ့သည့် မြို့နယ်များရှိ ရွေးကောက်ပွဲဖြစ်စဉ်များကို စုံစမ်းစစ်ဆေးခြင်းနှင့်ပတ်သက်၍ ပြောသင့်သည့်အချိန်ရောက်လာပါက တပ်မတော်အနေဖြင့် ပောဆိုနိုင်ရန်အတွက် ရည်ရွယ်ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုသည်။
၎င်းက “ ဘာကြောင့်လုပ်တာလဲဆိုတော့ခါက ဒီဟာသည် ကျွန်တော်တို့အနေနဲ့ ခုနကပြောသလို ပြောသင့်ပြောထိုက်တဲ့ အချိန်မှာ ပြောသင့်ပြောထိုက်တဲ့ဟာကို ပြောနိုင်ဖို့လုပ်ခြင်းဖြစ်တယ်” ဟု ပြောသည်။
ယင်းအပြင် ကျင်းပပြီးစီးခဲ့သည့် အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ တရားမျှတမှုမရှိကြောင်းအပါအဝင် ရွေး ကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများရှိသော်လည်း တပ်မတော်အနေဖြင့် တစ်စံတစ်ရာ မှတ်ချက်ပြုပြောရမည့် အဖွဲ့အစည်းမဟုတ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်
၎င်းက “ ရွေးကောက်ပွဲနဲ့ ပတ်သတ်ပြီးတော့ကျ ကျွန်တော်တို့သည့် တရားမျှတမှုရှိခြင်းမရှိခြင်း နဲ့ ပတ်သက်ပြီးတော့ကျ ပြောရမည့်အပိုင်းသည့် နိုင်ငံရေးပါတီရဲ့ အပိုင်းတွေဖြစ်နေတယ်။ ရွေးကောက်ပွဲ တရားမျှတမှု ရှိခြင်း မရှိခြင်းဆိုတာ ရွေးကောက်ပွဲ မတိုင်ခင်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေ၊ ရွေးကောက်ပွဲနေ့မှာဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေ၊ ရွေးကောက်ပွဲအပြီးမှာလည်း သူတို့ ပါတီတွေအနေနဲ့ သူတို့ ပါတီရဲ့ အပိုင်းကို ဆောင်ရွက်တာ။ တိုင်တဲ့ပါတီ တိုင်တယ်။ မတိုင်တဲ့ပါတီ မတိုင်ဘူး။ ထောက်ခံတဲ့ပါတီ ထောက်ခံတယ် မထောက်ခံတဲ့ပါတီ မထောက်ခံဘူး။ တပ်မတော် နဲ့မဆိုင်ဘူး တရားမျှတမှု ရှိခြင်း မရှိခြင်းဆိုတာက ဒီဟာနဲ့ပတ်သက်ပြီး ဥပဒေအရ ဆောင်ရွက် ရမယ့်အပိုင်းတွေ အားလုံးပြီးတော့မှ ဒါတွေသည် တရားမျှတမှု ရှိခြင်းမရှိခြင်း ဆိုကာကို ပြောတာမှ ပိုပြီးသင့်တော်မယ်လို့ထင်ပါတယ် “ ဟုပြောသည်။
ယင်းအပြင် လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်ရှိ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့်နေရာများတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး တောင်းဆိုမှုများရှိသော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် တပ်မတော်ထံ ယင်းဒေသများ၌ ရွေးကောက်ပွဲကျင်း ပနိုင်ရေးနှင့် စပ်လျဉ်းသည့် အကြံပြုချက်များတောင်းခံထားခြင်းမရှိ သေးသကဲ့သို့ တပ်မတော်က အကြံပြုတင်ပြထားခြင်းများလည်း မရှိသေးကြောင်း သိရသည်။







