မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် ထိုင်းဘတ်ငွေစျေးနှုန်း ပြန်လည်ဦးမော့လာ

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် ထိုင်းဘတ်ငွေစျေးနှုန်း ပြန်လည်ဦးမော့လာ

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် နိုဝင်ဘာလဆန်းပိုင်းမှစတင်၍ ထိုင်းဘတ်ငွေဈေးနှုန်းများ ပြန်လည်မြင့်တက်လာကြောင်း သိရသည်။

''ကျွန်မတို့က နေ့စဉ်စားကုန်ပစ္စည်းတွေကိုမဲဆောက်မှာ သွားဝယ်ရပါတယ်၊ဒါပေမဲ့ ကိုဗစ်ရောဂါဖြစ်ပေါ်မှုကာလမှာ မဲဆောက်အထိဈေးသွားဝယ်လို့မရတော့ဘူး၊ ထိုင်းဘက်က BCF ဇုန်မှာပဲကုန်ပစ္စည်ချိန်းပြောင်း သယ်ဆောင်ရတော့ သယ်ယူစရိတ်ကပိုကုန်တယ်၊ ဒီကြားထဲထိုင်းဘတ်ငွေဈေးက ဒီလထဲမှာတဖြည်းဖြည်းမြင့်တက်လာတော့ ကုန်ဈေးနှုန်းလည်းတက်လာတာပေါ့''ဟုမြဝတီဘက်မှ ထိုင်းကုန်ပစ္စည်းများ ဝယ်ယူရောင်းချနေသည့် ကုန်သည်တစ်ဦးကပြောသည်။

အောက်တိုဘာ လဆန်းက ထိုင်းဘတ်ငွေဈေးမှာ မြန်မာကျပ်ငွေ(၁ဝဝ,ဝဝဝ)လျင် ထိုင်းဘတ်(၂၄၅ဝ) ရှိခဲ့ရာမှ နိုဝင်ဘာ ၂၇ ရက်တွင်မြန်မာငွေ(၁ဝဝ,ဝဝဝ)ကျပ်လျှင်ထိုင်းငွေ(၂၃ဝဝ)ဘတ်ဈေးနှုန်းအထိ ဈေးမြင့်တက်ခဲ့သည်။ မြဝတီမြို့သည် ထိုင်းနိုင်ငံမဲဆောက်မြို့နှင့် အပြန်အလှန် ကုန်သွယ်မှုရှိသည့်အတွက်ထိုင်းကုန်ပစ္စည်းများ ဝယ်ယူရာတွင် ဘတ်ငွေနှင့်သာအသုံးပြုရသဖြင့် ထိုင်းဘတ်ငွေဈေးမြင့်တက်လာမှုပေါ်မူတည်၍ကုန်ဈေးနှုန်းလည်း အတက်အကျဖြစ်ပေါ်မှုရှိသည်။

''အရင်က ဘိလပ်မြေတစ်အိတ်ကို ကျပ် ၄၁ဝဝ ပဲဝယ်ရတယ်။ ဟိုတစ်လောကအမှတ်(၂)တံတား 'တစ်ပါတ်' ပိတ်လိုက်တဲ့အချိန်မှာ ဘိလပ်မြေတစ်အိတ်ကို ၉၇ဝဝ ကျပ်အထိ ဈေးတက်သွားတယ်၊ အခုတံတားပြန်ဖွင့်ပြီးတဲ့နောက် တစ်အိတ်ကို ၄၆ဝဝ ဈေးရှိတယ်'' ဟု ဘိလပ်မြေဝယ်ရောင်းသူတစ်ဦးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး