ဟားခါးမြို့တွင် ဆောင်းသီးနှံအတွက် စားတော်ပဲကို စတင်စမ်းသပ်စိုက်ပျိုး

ဟားခါးမြို့တွင် ဆောင်းသီးနှံအတွက် စားတော်ပဲကို စတင်စမ်းသပ်စိုက်ပျိုး

ဟားခါးမြို့နယ်အတွင်းရှိ လယ်ယာမြေများတွင် ဆောင်းသီးနှံအဖြစ်စားတော်ပဲကို စီးပွားဖြစ် စတင်စိုက်ပျိုးလျက်ရှိကြောင်း ဟားခါးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိတစ်ဦးက ပြောသည်။

''ကျွန်တော်တို့ချင်းပြည်နယ်မှာ ဆောင်းသီးနှံအဖြစ် စားတော်ပဲကိုစတင်စမ်းသပ်စိုက်ပျိုးနေတာဖြစ်ပါတယ်။ မြေအနေအထား၊ ရာသီဥတု၊ အပင်ဖြစ်ထွန်းမှုတွေကို စမ်းသပ်စိုက်ပျိုးတာဖြစ်ပါတယ်။ ဒီဖက်ဒေသနဲ့ကိုက်ညီတယ်ဆိုရင်ချင်းပြည်နယ်တစ်ခုလုံး ဖြန့်ဝေစိုက်ပျိုးသွားမှာဖြစ်ပါတယ်၊ ချင်းပြည်နယ် စပါးစိုက်တောင်သူတွေအနေနဲ့ အခုကတော့ စပါးစိုက်ပြီးရင် ဆောင်းနဲ့နွေမှာဘာမှစိုက်ပျိုးလုပ်ကိုင်မှုမရှိတော့ဘူး ဖြစ်နေတယ်၊ စားတော်ပဲဖြစ်ထွန်းအောင်မြင်မှုရှိရင် ချင်းပြည်နယ်လယ်ယာတွေမှာ နှစ်သီးစိုက်ဖြစ်လာမယ်''ဟု၎င်းကပြောသည်။

ယခုနှစ်တွင် ချင်းပြည်နယ်စိုက်ပျိုးရေးဌာနမှ အထွက်ကောင်းမွန်ပြီး ဈေးကွက်ဝင်စားတော်ပဲ(ဝဒသမ၅)ဧကကို သီးမစ်လွင်ပြင်တွင် စမ်းသပ်စိုက်ပျိုးထားကြောင်းသိရသည်။ ချင်းပြည်နယ်တွင် စိုက်ပျိုးရေးဌာနမှထုတ်ပြန်သည့် သတင်းများအရအသားတင်စိုက်ပျိုးနိုင်သည့် လယ်မြေဧက(၃ဝဝဝဝ)ဝန်းကျင်၊ ယာမြေဧက(၅ဝဝဝ)ကျော်၊ ကိုင်းကျွန်း ဧက(၅ဝဝဝ)ဝန်းကျင်၊ ဥယျာဉ်ခြံမြေဧက(၁၅ဝဝဝ)၊တောင်ယာစိုက်ပျိုးမြေဧက(၁၇ဝဝဝဝ) ကျော်ရှိကြောင်း(၂ဝ၁၇)ခုနှစ်ကထုတ်ပြန်သည့်စာရင်းများအရ သိရသည်။ ချင်းပြည်နယ်တွင် နှစ်ရှည်သီးနှံအဖြစ် လိမ္မော်၊ထောပတ်၊ မျောက်ငိုတို့ကို နေရာအနှံ့စိုက်ပျိုးမှုရှိပြီး (၂ဝ၁ဝ)ခုနှစ်မှ အစပြု၍ ချင်းပြည်နယ်တစ်ခုလုံးတွင် ဈေးကွက်ဝင်သီးနှံများဖြစ်သည့် ကော်ဖီ၊ ဝဥ၊စားတော်ပဲတို့ကို စိုက်ပျိုးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး