ရွေးကောက်ပွဲရလဒ်ကိုမကျေနပ်၍ မိတ္ထီလာမြို့တွင် " ပြည်သူ့ဆန္ဒဖော်ထုတ်ကြ" ခေါင်းစဉ်ဖြင့် ဆန္ဒဖော်ထုတ်

ရွေးကောက်ပွဲရလဒ်ကိုမကျေနပ်၍ မိတ္ထီလာမြို့တွင် " ပြည်သူ့ဆန္ဒဖော်ထုတ်ကြ" ခေါင်းစဉ်ဖြင့် ဆန္ဒဖော်ထုတ်

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ဝန်ဇင်းကန်ဘောင်တွင် ၂၀၂၀ နိုဝင်ဘာ ၂၈ ရက် နံက် ၉ နာရီအချိန်ခန့်က ၂၀၂၀ ခုနှစ်နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော အထွေထွေရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်၍ ကျေနပ်မှုမရှိသဖြင့် " ပြည်သူ့ဆန္ဒဖော်ထုတ်ကြ" ခေါင်းစဉ်ဖြင့် ဆန္ဒဖော်ထုတ်ပွဲပြုလုပ်ခဲ့သည်။

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် လွတ်လပ်ခြင်း၊ မျှတခြင်း၊ တူညီသောအခွင့်အရေးရှိခြင်း၊ ဘက်လိုက်မှုမရှိခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း စသည့် စံ(၅)ချက် မရှိသောကြောင့် ဆန္ဒဖော်ထုတ်ရခြင်းဖြစ်သည်ဟုဆိုသည်။ ရွေးကောက်ပွဲကာလအတွင်း မိတ္ထီလာမြို၌ မဲမသာမာမှုများရှိခဲ့ကြောင်း၊ ထိုမဲသမာမှု များမှ (၅)မှု (၆)မှုအား သက်ဆိုင်ရာနယ်မြေရဲစခန်းများတွင် အမှုဖွင့်တိုင်ကြားထားကြောင်း၊ ဆန္ဒဖော်ထုတ်ပွဲကို လိုအပ်လျှင်လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားဖို့ရှိကြောင်း အဆိုပါပွဲတွင် ဟောပြောသူ ဦးမြင့်ဆန်းမှ ပြောပြခဲ့သည်။

ဆန္ဒဖော်ထုတ်ပွဲအား COVID-19 ရောဂါကူးစက်မှုမရှိစေရန် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ အင်အား (၂၉)ဦးဖြင့်ပြုလုပ်ခဲ့ပြီး အဆိုပါပွဲသို့ စိတ်ပါဝင်စားသူ (၆၀)ဦးခန့်လာရောက်ကြည့်ရှု့ခဲ့ကြောင်းသိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး