ရွှေတောင်မြို့တွင် မီးလောင်ဒဏ်ရာဖြင့် ရေတွင်းထဲပြုတ်ကျသေဆုံးမှုမှကျူးလွန်သူကို ဖော်ထုတ်ဖမ်းဆီးခဲ့ကြောင်း နိုဝင်ဘာ ၂၈ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
နိုဝင်ဘာ ၂၄ ရက်ည ၇ နာရီ ၄၀ မိနစ်အချိန်နေအိမ်တွင်၊ရွှေတောင်မြို့၊ကြာနီကန်ရပ်ကွက်နေ ဒေါ်သန်းစိန် နေအိမ်တွင်ရှိနေစဉ်သားဖြစ်သူဌေးအောင်မှာခါးတွင်ထင်းခုတ်ဓားမထိုးကာဦးခေါင်းတွင်ခေါင်းစွပ်ဓာတ်မီးစွပ်၍လက်တိုအနီကွက်အကျီင်္ပျောက်ကျားအစိမ်းကွက်ဘောင်းဘီဝတ်ကာအရက်မူးလျက် ဝါးခုတ်သွားမည်ဟုပြောကာနေအိမ်မှထွက်သွားခဲ့ရာက နေအိမ်သို့ပြန်လည်ရောက်ရှိမလာသဖြင့်လိုက်လံရှာဖွေခဲ့သည်။
တည်ကုန်းရွာသစ်လမ်းနေဒေါ်အေးခိုင်၏နေအိမ်အနောက်ဘက်ခြံမစိုက်ဘဲပေါင်းနွယ်ချုံများသူထပ်နေသည့်ရေတွင်းပျက်အတွင်း၌ သားဖြစ်သူဌေးအောင်ကို သေဆံးလျှက်တွေ့ရှိရသဖြင့် ရဲစခန်းသို့အကြောင်းကြားခဲ့သည်။ တာဝန်ရှိသူများမှစစ်ဆေးချက်အရ ၎င်း၏ဦးခေါင်းထိပ်ကွဲဒဏ်ရာ၊ဦးခေါင်းဝဲဘက်ဂျိုစောင်းပြတ်ရှဒဏ်ရာ၊းဦးခေါင်းထိပ်ပိန်ချိုင့်ဒဏ်ရာ၊ဝမ်းဗိုက်မှအူထွက်ဒဏ်ရာ၊ မီးလောင်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်းစစ်ဆေးတွေ့ရှိရသည်။
ရွှေတောင်မြို့မရဲစခန်းက (ပ)၃၉၉/၂၀၂၀ရာဇသတ်ကြီးဥပဒေပုဒ်မ၃၀၂/၂၀၂ ဖြင့်အမှုရေးဖွင့်၍ပူးပေါင်းရဲတပ်ဖွဲ့က စုံစမ်းရာ အမှုဖြင့်မသင်္ကာသူ ကြာနီကန်ရပ်ကွက်နေခင်စိုး(၄၅)နှစ်ကို ဖမ်းဆီးခဲ့သည်။
ခင်စိုးကို စစ်ဆေးချက်အရ နိုဝင်ဘာ ၂၄ ရက်နေ့ည(၇)နာရီအချိန်ခန့်တွင်နေအိမ်၌ရှိနေချိန် ၎င်း၏နှင်းဆီခြံအနီးမီးလောင်နေသဖြင့်သွားကြည့်ရှုရာ ခြံအတွင်းရှိ ကောက်ရိုးပုံကိုလူတစ်ဦးမှမီးရှို့နေသည်ကိုတွေ့မြင်ရသဖြင့် လက်နှိပ်ဓာတ်မီးဖြင့်ထိုးကြည့်ရာဌေးအောင်ဖြစ်နေကြောင်း၊ထိုသို့လက်နှိပ်ဓာတ်မီးထိုးသည်ကိုဌေးအောင်မှမကျေနပ်၍ ဆဲဆိုသောကြောင့်စိတ်မထိန်းနိုင်ဘဲနှင်းဆီခြံစည်းရိုးတိုင်ဝါးကျစ်တုတ်ဖြင့် ဌေးအောင်၏ဦးခေါင်းကိုရိုက်လိုက်စဉ် ဌေးအောင်မှာမီးလောင်နေသောကောက်ရိုးပုံပေါ်သို့ပြုတ်ကျခဲ့ကြောင်းသိရသည်။
ထိုသို့ဌေးအောင် မီးလောင်နေသည့်ကောက်ရိုးပုံထဲကျချိန် အနားကပ်လျက်ကောက်ရိုးထုံးမှာလည်းမီးဆွဲလောင်ရာမှ မီးအားမိုပိုများပြားလာပြီး ၎င်းကိုပတ်ဝန်းကျင်မှမြင်တွေ့သွားမည်ကို စိုးရိမ်သဖြင့်ဆည်ဘောင်ဘက်သို့ထွက်ပြေးသွားပြီးဆည်ဘောင်အောက်တွင်ပုန်းနေခဲ့ကြောင်း၊မီးညွန့်ကျိုးသွားချိန်သွားရောက်ကြည့်ရှုရာဌေးအောင်၏ခန္ဓာကိုယ်မှာကောက်ရိုးမီးပုံထဲတွင်ပတ်လက်အနေအထားဖြင့်မီးလောင်သေဆုံးနေသည်ကိုတွေ့ရကြောင်း၊ ထို့နောက် အလောင်းကို ရေတွင်းထဲသို့ ပစ်ချခဲ့ခြင်းဖြစ်ကြောင်းဝန်ခံထွက်ဆိုခဲ့သည်။
ပြစ်မှုကျူးလွန်သူ ခင်စိုးကို ရွှေတောင်မြို့မရဲစခန်းတွင် အမှုဖွင့် ဖမ်းဆီးအရေးယူထားသည်။

















